ထိုင်း ကွန်ဒိုများ ဝယ်ယူမှုတွင် ဒုတိယနေရာသို့ ရောက်ရှိလာသည့် မြန်မာ

ထိုင်း ကွန်ဒိုများ ဝယ်ယူမှုတွင် ဒုတိယနေရာသို့ ရောက်ရှိလာသည့် မြန်မာ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တစ်နေရာရှိ နေအိမ်၊ ရုံးခန်း အဆောက်အအုံများနှင့် သွားလာနေသူများကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တစ်နေရာရှိ နေအိမ်၊ ရုံးခန်း အဆောက်အအုံများနှင့် သွားလာနေသူများကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
Published 26 May 2024

ထိုင်းအိမ်ခြံမြေစျေးကွက်တွင် မြန်မာနိုင်ငံသားများက တတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားသူများ ဖြစ်သည်ဟု ၂၀၂၄ ခုနှစ် နှစ်ဆန်း ပိုင်းအတွင်းက ထိုင်းအိမ်ခြံမြေသတင်းအချက်အလက်ဌာန (REIC) ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ချမ်းသာသော အထက်တန်းလွှာများသည် ထိုင်း အိမ်ခြံမြေစျေးကွက်တွင် မထင်မှတ်ဘဲ အများဆုံးဝယ်ယူသူများ ဖြစ်ခဲ့ရာ တရုတ်၊ ရုရှားသူဌေးများ ထက်ပင် ပိုမိုသုံးစွဲခဲ့သည်ဟု အိမ်ခြံ မြေအချက်အလက်ဌာန (REIC)  က ဖော်ပြခဲ့သည်။

ကော်လီယာအိမ်ခြံမြေလုပ် ငန်း၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ အသုံးအစွဲများပြားသောဝယ် လက်များသည် ထိုင်းမြို့ကြီးများတွင်  တန်ဖိုးကြီးအိမ်ခြံမြေများကို ဝယ်ယူ ခဲ့ကြသည်ဟုဆိုသည်။

အစိုးရအိမ်ရာဘဏ်၏ အိမ် ခြံမြေ သတင်းအချက်အလက်ဌာန (REIC) သည် များပြားလှသည့် ဝယ်ယူရင်းနှီးမြှုပ်နှံမှုများကို ဖော်ပြ ခဲ့သည်ဟု ကော်လီယာ၌ ဒုတိယစီမံခန့်ခွဲမှုဒါရိုက်တာအဖြစ် ဆောင်ရွက် နေသူ ကာလိုပိုဘရီက ပြောကြားခဲ့ သည်။

“မြန်မာဝယ်လက်တွေဟာ ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်တို့မှာ အိမ်ခြံမြေဝယ်တာတွေကို နှစ်သက် ကြောင်းတွေ့ရပါတယ်”ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသားများသည် လွန်ခဲ့သောနှစ်တွင် ထိုင်းအိမ်ခြံမြေ စျေးကွက်$ ဘတ်ငွေ ၂ ဒသမ ၂၅ ဘီလျံသုံးစွဲခဲ့သည်ဟု REIC အချက် အလက်များတွင် ဖော်ပြထားသည်။ ထို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ ထဲတွင် မြန်မာနိုင်ငံသားများသည် အများဆုံးသုံးစွဲသူ စာရင်း$ တတိယ နေရာတွင် ရပ်တည်ခဲ့သည်ဟုဆို သည်။ တရုတ်နှင့်ရုရှား ဝယ်လက် များထက်ပင် ပိုမိုသုံးစွဲခဲ့သည်ဟု ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံက ချမ်းသာသူများ သည် ဘန်ကောက်မြို့၏အဓိကနေ ရာများတွင်ရှိသော စျေးကြီးသည့် ကွန်ဒိုများကိုဝယ်ယူခဲ့ကြသည်ဟု ပိုဘရီကပြောကြားခဲ့ပြီး ယင်းကွန်ဒို များသည် စျေးနှုန်း ဘတ် ၁၀ သန်းမှ သန်း ၂၀ အတွင်းရှိသည်ဟုဆိုသည်။

ဆူခမ်ဗစ်၊ ခရွမ်ဖုန်း၊ အဆိုကေး တို့လို အကောင်းစားကွန်ဒိုများရှိရာ နေရာများသည် ရေပန်းစားလျက်ရှိ ပြီး ထိုနေရာများသည် ဆေးရုံများ၊ နိုင်ငံတကာကျောင်းများ၊ အဆင့် မြင့်စျေးဝယ်စင်တာကြီးများနှင့် နီး ကပ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံမှ အလယ်အလတ် သုံးစွဲသူ များသည် ဘန်ကောက်မြို့၏ Aree နှင့် ဖရာထိုင်းဇုန်များရှိ စျေး နှုန်းဘတ်ငါးသန်းမှ ၁၀ သန်းအ တွင်းရှိသော ကွန်ဒိုများကိုမျက်စိကျ နေ ကြသည်ဟု ဖော်ပြထားသည်။

“အသက်ငယ်တဲ့ ရင်းနှီးမြှုပ်နှံ သူတွေဖြစ်တဲ့ အဲဒီဝယ်လက်တွေ ဟာ ကြိုပွိုင့်အဆင့်မှာပဲကွန်ဒိုတွေ ကို ဝယ်ယူကြတာဖြစ်ပါတယ်။ အဲဒီ ကွန်ဒိုတွေကိုပြန်ငှားဖို့ ဒါမှမဟုတ် ပြန်ရောင်းဖို့ ဝယ်ကြတာဖြစ်ပါတယ်”ဟု ပိုဘရီ ကပြောသည်။

မြန်မာနိုင်ငံသားများသည် ဘန်ကောက်၏ လူစည်ကားရာ လမ်းများရှိ ကွန်ဒိုများကိုဝယ်ယူကြ သည်သာမက ဖူးခက်၏ရေကူးကန် ပါသောအိမ်များကို လူကြိုက်များနေ သောလာဂူနာနှင့် ဘန်သော်နေရာ တို့တွင်လည်း ဝယ်ယူနေကြသည်ဟု ဆိုသည်။

ဘတ်ငွေသန်း ၄၀ ကျော်ရှိ သော အိမ်များကိုတည်ဆောက်၍ မပြီးမီ အမြန်ဆုံးဝယ်ယူနေကြသည် ဟု The Nation ကဖော်ပြခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသားများ သည် ချင်းမိုင်ရှိအိမ်ခန်းတွဲများကို ဝယ်ယူနေကြသည်ဟုဆိုသည်။ အ ဆိုပါ အိမ်ခန်းတွဲများ၏စျေးသည် ဘတ်ငွေသန်း ၃၀ မှ ၄၀ အကြားရှိ သည်ဟု သိရသည်။

ယခင်က ထိုင်းအိမ်ခြံမြေစျေး ကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုစာရင်း တွင် မြန်မာနိုင်ငံကတတိယအများ ဆုံးဖြစ်သော်လည်း ၂၀၂၄ ခုနှစ် မေ လအတွင်းရရှိသော သတင်းများ အရ  မြန်မာနိုင်ငံကဒုတိယနေရာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ထိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရ သည်။

“ပြီးခဲ့တဲ့လမှာတရုတ်တွေ အ များဆုံးလာဝယ်ကြပါတယ်။ ဒုတိယ ကတော့ ထိုင်ဝမ်ပေါ့နော်။ ဒါပေမဲ့ နောက်ပိုင်းမှာ မြန်မာကဒုတိယနေ ရာကိုရောက်လာပါတယ်” ဟု 2B Asset company limited မှ ဒါ ရိုက်တာ Peter Boonsermsuwong ကပြောကြားခဲ့သည်။

ယခုနှစ် ပထမသုံးလပတ်အ တွင်း ထိုင်းကွန်ဒိုများဝယ်ယူတွင် မြန်မာကရုရှားကိုကျော်တက်ပြီး အ ဆင့် (၂ ) သို့ ရောက်ရှိလာသည်ဟု ထိုင်းအခြေစိုက် ွှ့န ြအေငသည သ တင်းတွင် ဖော်ပြထားသည်။

ယခုနှစ် ပထမသုံးလပတ်အ တွင်း စုစုပေါင်း ဘတ် ၁၈ ဒသမ ၀၂ ဘီလျံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၃၉၃၈ ကို နိုင်ငံခြားသားများကို ရောင်းချနိုင်ခဲ့သည်ဟု ထိုင်းအိမ်ခြံ  မြေသတင်းအချက်အလက်ဌာနက ထုတ်ပြန်သည်။

ယင်းသို့ဝယ်ယူမှုတွင် တရုတ် နိုင်ငံသားများကထိပ်ဆုံးမှရပ်တည် ခဲ့ပြီး မြန်မာနိုင်ငံသားများကနံပါတ် (၂) နေရာသို့ ရောက်ရှိလာခဲ့ပြီး ရုရှားနိုင်ငံသားများမှာ အဆင့် (၃) နေရာတွင်ရှိနေသည်ဟု အဆိုပါသ တင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသားများမှာဘတ် ၄ ဒသမ ၅၇ ဘီလျံတန်ဖိုးရှိ အခန်း ပေါင်း ၁၅၉၆ ကို ဝယ်ယူခဲ့ကြပြီး မြန်မာနိုင်ငံသားများမှာ ဘတ် ၂ ဒသမ ၂၁ ဘီလျံတန်ဖိုးရှိ အခန်း ပေါင်း ၃၉၂ ခန်းကို ဝယ်ယူခဲ့ကြ သည်ဟု ထိုင်းအိမ်ခြံမြေသတင်းအ ချက်အလက်ဌာန၏ ထုတ်ပြန်ချက် ကိုကိုးကားပြီး The Nation သတင်း တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံသားများမှာ ဘတ် ၉၂၄ သန်း တန်ဖိုးရှိကွန်ဒိုအခန်း ပေါင်း ၂၉၅ ခန်းကို ဝယ်ယူခဲ့ကြ သည်ဟု သတင်းတွင်ဆက်လက် ဖော်ပြထားသည်။

ကွန်ဒိုများကို ဝယ်ယူသည့် တရုတ်နိုင်ငံသားများမှာ နိုင်ငံခြား ဝယ်လက်များ၏ ၄၁ ရာခိုင်နှုန်းရှိပြီး မြန်မာနှင့် ရုရှားဝယ်လက်များက ၁၀ ရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းအ သီးသီးရှိကြောင်း ထိုင်းအိမ်ခြံမြေ သတင်းအချက်အလက်ဌာနက ထုတ်ပြန်သည်။

နိုင်ငံခြားသားများသို့ ရောင်း ချသည့် ယူနစ်အရေအတွက်သည် ယမန်နှစ်ကာလတူထက် ၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၂ ရာခိုင် နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက် ဌာန၏ အချက်အလက်များကိုကိုး ကားပြီး သတင်းတွင်ဖော်ပြထား သည်။

“တချို့ကတော့ ဆေးသွားကု တာရှိတယ်။ တချို့ကျတော့ကလေး တွေကျောင်းသွားတက်ဖို့ ငှားနေ တာထက်ဝယ်တာက ပိုပြီးကောင်း လိမ့်မယ်ဆိုပြီး ဝယ်ကြတာရှိတယ်” ဟု ရန်ကုန်မြို့ရှိအိမ်ခြံမြေလုပ်ငန်း ရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ အိမ်ခြံမြေများ၊ ကွန်ဒိုများကို မြန်မာနိုင်ငံသားများ ဝယ်ယူမှုမှာ ၂၀၂၂ ခုနှစ် မတိုင်မီက တည်းကရှိနေခြင်းဖြစ်ပြီး ၂၀၂၂ ခု နှစ်တွင် ဝယ်ယူမှုအများဆုံးထိပ်ဆုံး နေရာသို့ ဝင်ရောက်လာခြင်းဖြစ် သည်ဟု ဘန်ကောက်မြို့မှအိမ်ခြံ မြေအကျိုးဆောင် ONE BANGKOK REALTY မှ Founde  မနီလာ က ပြောကြားသည်။

ထိုင်းနိုင်ငံ အထူးသဖြင့်ဘန် ကောက်မြို့တွင် မြန်မာနိုင်ငံကကွန် ဒိုအိမ်ခန်းများ ဝယ်ယူရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၂၀၂၂ ခုနှစ်က စတင်ပြီး ထိုင်းနိုင်ငံ၏ ထိပ်ဆုံးနိုင်ငံခြားသား ဝယ်ယူမှုစာရင်း၌ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ပြောကြားချက် အရသိရသည်။

မြန်မာနိုင်ငံအိမ်ခြံမြေကဏ္ဍ အထူးသဖြင့် ရန်ကုန်မြို့၏အိမ်ခြံ မြေစျေးကွက် အနေအထားသည် လက်ရှိအချိန်တွင် အရောင်းအ ဝယ်အေးနေကာ အငှားစျေးကွက် အတွင်းသာ အငှားသွက်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

Most Read

Most Recent