စစ်မက်ဖြစ်ပွားနေသော ဆူဒန်နိုင်ငံ၏ ရေအကျပ်အတည်း

စစ်မက်ဖြစ်ပွားနေသော ဆူဒန်နိုင်ငံ၏ ရေအကျပ်အတည်း
Published 18 June 2024
မေသုတ

စစ်ပွဲ၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများ ပြတ်လပ်နေသောဆူဒန်နိုင်ငံတွင် နောက်ထပ်ကြုံတွေ့နေရသည့် အိပ်မက်ဆိုး တစ်ခုမှာ ရေအကျပ်အတည်းဖြစ်သည်။

“စစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ကျွန်မကလေးနှစ်ယောက်ဟာ မိသားစုအ တွက် ရေရရှိဖို့ နေ့စဉ် ကိုးမိုင်လောက်လမ်း လျှောက်နေရပါတယ်”ဟု မြောက်ဒါဖာပြည် နယ်မှကလေးခုနစ်ဦး၏ ဖခင်ဖြစ်သူ အစ်ဆာ က အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယက်စ်အထိ ရှိပြီး ပူပြင်းသည့်နေရောင်အောက်တွင်ဆော် တိုနီ ရွှေ့ပြောင်းနေထိုင်သူများစခန်း၌အစ်ဆာ၏မိသားစုနှင့်အတူ အခြားနေထိုင်သူ ၆၅,၀၀၀ ခန့်ရှိသည်။၎င်းတို့သည် ဆူဒန်စစ် တပ်နှင့် အရန်တပ်ဖွဲ့ Rapid Support Forces တို့ကြား ဖြစ်ပွားသည့် စစ်ပွဲ၏ပူပင်သော ကကို ကြုံတွေ့ခံစားနေရသည်။

လွန်ခဲ့သည့်တစ်နှစ်ကျော်က ပထမဆုံး ပစ်ခတ်မှုများ စတင်ဖြစ်ပွားချိန်တွင် ဆော်တို နီ၏ ဒေသန္တရရေပေးဝေရေးဌာနအပါအဝင် ပြည်ပအကူအညီပေးရေအဖွဲ့အများစုသည် လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ကြသည်။ဒေသခံ များသည် ၎င်းတို့ကိုယ်တိုင် ရေရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေရသည်။

ကြီးမားသော နိုင်းမြစ်အပါအဝင် ရေအရင်းအမြစ်များစွာရှိနေသော်လည်း ဆူဒန်နိုင်ငံတွင် ရေရှားပါးမှုသည် ထူးဆန်းသည့်ကိစ္စ တစ်ရပ်မဟုတ်ပေ။

စစ်ပွဲမဖြစ်ပွားမီကပင် လူဦးရေ၏လေးပုံတစ်ပုံသည် ရေရရှိရန်အတွက် မိနစ်၅၀ ကျော်ကြာ လမ်းလျှောက်ခဲ့ရသည်ဟုကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဒါဖာ၏အနောက်ဘက်သဲ ကန္တာရမှ မြေသြဇာကောင်းသော နိုင်းမြစ်ဝှမ်း တစ်လျှောက်နှင့် ပင်လယ်နီကမ်းရိုးတန်းတစ် လျှောက် ဆူဒန်နိုင်ငံသား ၄၈ သန်းသည်ရေ အကျပ်အတည်းတစ်ရပ် ကြုံတွေ့ခံစားနေရ  ကာ ၎င်းင်းတို့သည် ကမ္ဘာ့အကြီးဆုံးလူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်း တစ်ခုကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ဆိုင်ရာအမေရိကန်သံအမတ်ကြီးက ဇွန်၁၄ ရက်တွင် ပြောကြားခဲ့သည်။

လောင်စာမရှိ၊ ရေမရှိ

ဆော်တိုနီစခန်း၏ အရှေ့ဘက် ၁၁၀ ကီလိုမီတာဝန်းကျင်တွင် မြောက်ဒါဖာပြည် နယ်မြို့တော် အယ်ဖက်ရှာ၌ တိုက်ပွဲများဖြစ် ပွားလျက်ရှိသည်။

အယ်ဖက်ရှာမြို့ကို RSF တပ်ဖွဲ့များ ဝန်းရံထားပြီး ယင်း သည် ဒေသခံ ၈၀၀,၀၀၀ ကျော်အတွက် ရေရရှိမှုအခြေအနေကို ခြိမ်း ခြောက်လျက်ရှိသည်။

အယ်ဖက်ရှာမြို့တွင် ဖြစ်ပွားသည့်တိုက် ပွဲကြောင့် လူ ၂၂၆ ဦးထက်မနည်းသေဆုံးခဲ့ သည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့ (RSF) က ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြို့၏အပြင်ဘက်ရှိ ဂိုလိုရေလှောင်ကန် အနီးဖြစ်ပွားနေသော တိုက်ပွဲများသည် ဒေသ ခံ ၂၇၀၀၀၀ ကျော်ကို စိတ်ချရပြီး လုံလောက် မှုရှိသော ရေရရှိမှုကို ပြတ်တောက်နိုင်သည့် အန္တရာယ်ရှိနေသည်ဟုကုလသမဂ္ဂကလေး သူငယ်များအေဂျင်စီ UNICEF ကသတိပေး ထားသည်။

ဆူဒန်တွင် ရေနှင့် အခြားရှားပါးသော အရင်းအမြစ်များရရှိရေးသည် ကာလကြာ ရှည်စွာ ပဋိပက္ခဖြစ်ပွားစေသည့် အရင်းအမြစ် တစ်ခုဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အယ် ဖက်ရှာကို ဝန်းရံထားမှုအား အဆုံးသတ်ရန် ဇွန် ၁၃ ရက်က တောင်းဆိုခဲ့သည်။

ယင်းအခြေအနေအတိုင်း ဆက်လက် ဖြစ်ပွားနေလျှင် ယင်းဒေသ၏မြေအောက်ရေ ကို မှီခိုအားထားနေရသော လူပေါင်းသိန်းချီ သည် အားကိုးရာမဲ့ဖြစ်သွားလိမ့်မည်ဟုဆို သည်။

“အဲဒီနေရာမှာ ရေတော့ရှိပါတယ်။ ဒါ ပေမဲ့ အနက် ၆ဝမီတာကျော်မှာရှိတဲ့ အတွက် လက်နှိပ်ရေတုံကင် မှီနိုင်ဖို့အရမ်း နက်လွန်းပါ တယ်”ဟု ဆူဒန်၏ ရေကဏ္ဍတွင် နှစ်ပေါင်း များစွာကြာ အတွေ့အကြုံရှိခဲ့သည့် ဥရောပ သံအမတ်တစ်ဦးက ဆိုသည်။

“RSF အနေနဲ့ လောင်စာဆီကို မြို့ထဲ ဝင်ခွင့်မပြုဘူးဆိုရင် ရေပေးဝေရေးဌာနတွေ က လုပ်ငန်းဆောင်ရွက်မှုတွေ ရပ်တန့်သွားပါ လိမ့်မယ်”ဟု အမည်မဖော်လိုသည့် ယင်းသံ အမတ်က ဆိုသည်။

“လူဦးရေများပြားတဲ့နေရာတွေအတွက် ရေရရှိဖို့လုံးဝမရှိပါဘူး”ဟု ၎င်းကဆိုသည်။

လူဦးရေ ၄၀,၀၀၀ ခန့်လာရောက်ခိုလှုံ သည့်အနီးအနားရှိ ရှတ်ရာကျေးရွာတွင် သောက်သုံးရေရရှိရန် တန်းစီစောင့်ဆိုင်းနေ သော လူတန်းရှည်ကြီးသည် မီတာ ၃၀၀ ရှိ သည်ဟု ဒါဖာရှိ အရပ်ဘက်ဦးဆောင်သော ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များ ဆိုင်ရာ အထွေထွေညှိနှိုင်းရေးအဖွဲ့၏ပြော ရေးဆိုခွင့်ရှိသူ အဒမ်ရီဂျယ်ကဆိုသည်။

အေအက်ဖ်ပီသတင်းဌာနသို့ ၎င်းင်းပေး ပို့ခဲ့သော ဓာတ်ပုံများတွင် အလွန်ပူပြင်းသော နေရောင်အောက်၌ အချို့အမျိုးသမီးများနှင့် ကလေးများသည် ၎င်းင်းတို့အလှည့်ရောက်ရှိ ရန် အကေရှားပင်များ၏အရိပ်အောက်တွင် တိုးဝှေ့ပူးကပ်နေကြပုံကို တွေ့မြင်ရသည်။

ညစ်ညမ်းသောရေ

ဆူဒန်နိုင်ငံသည် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကို ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ ရပြီး အပူချိန်ပိုမိုမြင့်တက်လာကာ မိုးသည်း ထန်စွာ ပိုမိုရွာသွန်းမှုများ ကြုံတွေ့ခဲ့ရသည် ဟု သံအမတ်ကဆိုသည်။

ယခုနွေရာသီတွင် မိုးဥတုရောက်ရှိမည့် သြဂုတ်လမတိုင်မီအထိ အပူချိန်သည်ဆက် လက်မြင့်တက်ဖွယ်ရှိမည်ဟု မျှော်လင့်ထား ပြီး မိုးဥတုတွင်လည်း အလွန်ဆိုးရွားပြင်းထန် သော မိုးရွာသွန်းမှုများကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ကာ နှစ်စဉ်နှစ်တိုင်း လူပေါင်းဒါဇင် ချီသေဆုံးခဲ့သည်။

မြို့တော်ခါတွန်သည် အပြာရောင်နိုင်း မြစ်နှင့် အဖြူရောင်နိုင်းမြစ်တွေ့ဆုံသည် ့မြစ် ဆုံနေရာတွင် တည်ရှိသော်လည်း ၎င်းင်း၏ဒေ သခံများသည် ရေအကျပ်အတည်းနှင့်ကြုံ တွေ့နေရဆဲဖြစ်သည်။

ခါတွန်မြို့တော်သို့ အဓိကရေထောက် ပံ့ပေးသည့် ဆိုဘာရေပေးဝေရေးဌာနသည် စစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက လုပ်ငန်း ဆောင်ရွက်မှုကို ရပ်တန့်ခဲ့သည်ဟု ရာနှင့်ချီ သော စစ်ပွဲကာလအကူအညီပေးရေးအခြေ ခံလူတန်းစားအဖွဲ့များမှတစ်ဖွဲ့ဖြစ်သည့် ဒေ သခံခုခံရေးကော်မတီမှ စေတနာ့ဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်။

“လူတွေဟာ အဲဒီအချိန်ကတည်းက တိရစ္ဆာန်တွေကို အသုံးပြုတဲ့လှည်းတွေနဲ့ သယ်ဆောင်လာကြတဲ့ ပြန်လည်သန့်စင်ထား ခြင်းမရှိတဲ့ရေတွေကို ဝယ်ယူအသုံးပြုနေရပါ တယ်။ လူတွေက ဒီ ရေတွေကို ဝယ်နိုင်ရုံမျှ သာတတ်နိုင်ပြီး ရောဂါပိုးတွေနဲ့ထိတွေ့တာ တွေ ကြုံတွေ့နိုင်ပါတယ်”ဟုအမည်မဖော်လို သည့် စေတနာ့ဝန်ထမ်းကဆိုသည်။

ခါတွန်မြောက်ပိုင်းရှိ ရပ်ကွက်တစ်ခုလုံး သည် သောက်သုံးရေပြတ်လပ်သွားသည်မှာ တစ်နှစ်မျှပင် ရှိနေပြီဖြစ်ကြောင်းနောက်ထပ် ဒေသခံစေတနာ့ဝန်ထမ်းတစ်ဦးကဆိုသည်။

“အပြင်မှာ တိုက်ပွဲတွေ ဖြစ်နေတော့လူ တွေက အိမ်ထဲမှာပဲ နေချင်ကြတယ်။ဒါပေမဲ့ ရေမရှိတော့ ကြာကြာမနေနိုင်ကြပါဘူး”ဟု ၎င်းင်းကဆိုသည်။

လူပေါင်းသန်းချီသည် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာကာ နိုင်ငံအရှေ့ဘက်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြပြီး အများစုမှာပင်လယ် နီရှိ ပေါ့တ်ဆူဒန်မြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ သို့သော် ပေါ့တ်ဆူဒန်မြို့သည် ကြီးမားသော ရေပြဿနာနှင့် ကြုံတွေ့နေပြီး နွေရာသီလ များတွင် ယင်းပြဿနာမှာ ပိုမိုဆိုးရွားသည် ဟု ဒေသခံအယ်ဆာဒက်ဟူစိန်က စိုးရိမ်တ ကြီးပြောပြခဲ့သည်။

ပေါ့တ်ဆူဒန်မြို့သည် ၎င်းင်း၏ရေဖြန့်ချိ ထောက်ပံ့မှုအတွက် လုံလောက်မှုမရှိသော ရေလှောင်ကန်တစ်ခုတည်းကိုသာ မှီခိုအား ထားနေရသည်။

ယင်းမြို့တွင်လည်း ဒေသခံများသည် မြင်းများနှင့်မြည်းများဆွဲသော လှည်းများဖြင့် သယ်ဆောင်သည့် ရေများကိုသာ မှီခိုအား ထားနေရကာ ယင်းကဲ့သို့ လှည်းများဖြင့်သယ် ဆောင်လာသော ရေများတွင် ညစ်ညမ်းမှုပါ ဝင်ခြင်းမရှိစေရန် စောင့်ကြည့်ထိန်းချုပ်ရန် လိုအပ်သည်ဟု ပြည်သူ့ကျန်းမာရေးကျွမ်း ကျင်သူတာဟ တာဟာကဆိုသည်။

“ဒါပေမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒီအစီအစဉ်က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”ဟု ၎င်းကဆိုသည်။

၂၀၂၃ ခုနှစ် ဧပြီလနှင့် ၂၀၂၄ ခုနှစ်မတ် လအတွင်း ဆူဒန်တွင် ကာလဝမ်းရောဂါဖြစ်ပွားသူ ၁၁,၀၀၀ နီးပါး စံချိန်တင်ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ကာလဝမ်းရောဂါသည် ဆူဒန်နိုင်ငံတွင်ဖြစ် ပွားလေ့ရှိသော ကူးစက်ရောဂါဖြစ်သော် လည်း လက်ရှိတွင်မူ ယခင်နှင့်မတူဘဲတစ် နှစ်ပတ်လုံး ဖြစ်ပွားနေသည့်ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်ဟု ဥရောပသံအမတ်ကဆို သည်။

ဆူဒန်ရှိ ဆေးရုံအများစုကိုပိတ်ထားချိန် တွင် ယင်းကူးစက်ရောဂါ တိုးမြှင့်ဖြစ်ပွားလာ ခြင်းဖြစ်သည်။ ချက်ချင်းအရေးတယူဆောင် ရွက်ခြင်းမရှိလျှင် မကြုံစဖူး ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့် အငတ်ဘေးတစ်ရပ်ဖြစ် ပေါ်နိုင်ကြောင်း အမေရိကန်ကဇွန် ၁၄ ရက် ၌ သတိပေးခဲ့သည်။

“ကျန်းမာရေးစောင့်ရှောက်မှု ယိုယွင်း နေပြီး လူတွေကလည်း ညစ်ပတ်နေတဲ့ရေတွေ ကို သောက်နေရပါတယ်။ သူတို့တွေဆာ လောင်နေပြီး ပိုပြီး ဆာလောင်လာမှာဖြစ်တဲ့ အတွက် သေဆုံးသူ ပိုပြီး များလာဦးမှာပါ”ဟု သံအမတ်က သတိပေးခဲ့သည်။

          Ref: AFP

Photo: AFP