■ ယူရို-၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

■ ယူရို-၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: OnsOranje
Photo: OnsOranje
Published 2 July 2024

◘ ရိုမေးနီးယား - နယ်သာလန် (မြန်မာစံတော်ချိန် ဇူလိုင် ၂ ရက် ည ၁ဝး၃၀ နာရီ)

နယ်သာလန်အသင်း အုပ်စုတွင်းမှာ တတိယပဲရခဲ့ပေမဲ့ ကံကြမ္မာမျက်နှာပေးမှုက အံ့အားသင့်စရာ အလွန်ကောင်းခဲ့ပါတယ်။ (၁၆)သင်းအဆင့်မှာ အုပ်စုပထမရအသင်းတွေထဲ အားအနည်းဆုံး ရိုမေးနီးယားနဲ့ တွေ့ဆုံနေပြီး ဗိုလ်လုပွဲလမ်းကြောင်းကလည်း အတော်လေးဖြောင့်ဖြူးသွားတယ်။ ရိုမေးနီးယားအသင်း ယုံကြည်မှုမြင့်တက်နေပေမဲ့ အသင်းကြီးတွေနဲ့ ဆုံတွေ့မှုတွေမှာ တုံ့ပြန်အား သိပ်မကောင်းပါဘူး။ ဒါပေမဲ့ နယ်သာလန် ဂိုးပြတ်ဖို့တော့ခက်တယ်။

◘ သြစတြီးယား - တူရကီ (မြန်မာစံတော်ချိန် ဇူလိုင် ၃ ရက် နံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးမှာ ကစားသမားကောင်းတချို့ရှိပြီး ကြိုးစားအားထုတ်မှုလည်း ကောင်းတယ်။ အထူးသဖြင့် မန်ယူနည်းပြဟောင်း ရန်းညက် ကိုင်တွယ်နေတဲ့ သြစတြီးယားအသင်းက ပြင်သစ်၊ နယ်သာလန်အသင်းတွေကို အုပ်စုပထမနေရာရခဲ့လို့ အမြင့်ဆုံးရောက်နေနိုင်တဲ့ စိတ်ဓာတ်ပိုင်းကို တော်ရုံတားဆီးဖို့ ခက်တယ်။ သြစတြီးယားအသင်းသာ မာမာထန်ထန် ကစားလာရင် တူရကီအသင်း ကစားရပိုခက်သွားနိုင်တယ်။ သြစတြီးယားကိုပဲ ကြိုက်တယ်။

Most Read

Most Recent