ခြေစွမ်းပြနေသည့် ဂက်ပိုကို ဗန်ဒါဗတ် ချီးကျူး

ခြေစွမ်းပြနေသည့် ဂက်ပိုကို ဗန်ဒါဗတ် ချီးကျူး
Photo: B/R Football
Photo: B/R Football
Published 4 July 2024

နယ်သာလန်ကွင်းလယ်ကစားသမားဟောင်း ဗန်ဒါဗတ်က ဂက်ပိုသည် နောက်ခံလူများအတွက် အိပ်မက်ဆိုးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

ဂက်ပိုသည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် နယ်သာလန်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး (၃) ဂိုးသွင်းကာ ဂိုးသွင်းအများဆုံးအဖြစ် ပူးတွဲရပ်တည်နေသလို၊ ဂိုးဖန်တီးမှုလည်း (၁) ကြိမ် ပြုလုပ်ထားသည်။

ဗန်ဒါဗတ်က '' ဘောလုံးကိုင်ကစားချိန်မှာ ပြိုင်ဘက်နောက်ခံကစားသမားတွေကို အရူးလုပ်လှည့်စားနိုင်တဲ့ ကစားသမားအများကြီး မရှိပါဘူး။ ဒါပေမဲ့ ဂက်ပိုကတော့ ပြိုင်ဘက်နောက်ခံကစားသမားတွေကို ရူးသွပ်အောင် လုပ်နိုင်တဲ့ ဘောလုံးသမားတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent