မန်စီးတီးက ပရီးမီးယားလိဂ်ကို တရားစွဲဆိုခြင်းအပေါ် မိမိနားလည်ကြောင်း မန်ယူအသင်းရှယ်ယာရှင်တစ်ဦးဖြစ်သူ ရက်ကလစ်ဖ်ပြောကြား

မန်စီးတီးက ပရီးမီးယားလိဂ်ကို တရားစွဲဆိုခြင်းအပေါ် မိမိနားလည်ကြောင်း မန်ယူအသင်းရှယ်ယာရှင်တစ်ဦးဖြစ်သူ ရက်ကလစ်ဖ်ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 26 June 2024

 

မန်ယူအသင်းရှယ်ယာရှင်တစ်ဦးဖြစ်သူ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်က ပရီးမီးယားလိဂ်ပြိုင်ပွဲအား မန်စီးတီးအသင်းက တရားစွဲဆိုခြင်းကို နားလည်ကြောင်းနှင့် စည်းမျဉ်းများ အလွန်အကျွံပြဋ္ဌာန်း အသုံးပြုခြင်းကြောင့် လိဂ်ပြိုင်ပွဲကို ပျက်စီးစေနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဘဏ္ဍာ ရေးစည်းမျဉ်းချိုးဖောက်ကြောင်း သံသယရှိမှု စွဲချက် ၁၁၅ ခုဖြင့် ရင်ဆိုင်နေရသော်လည်း ဇွန်လဆန်းပိုင်းတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်တရားစွဲဆိုထားသည်။ 

မန်စီးတီးအသင်း၏တရားစွဲဆိုမှုနှင့်ပတ်သက်၍ အမေရိကန် အခြေစိုက် Bloomberg ရုပ်သံနှင့် အင်တာဗျူးတွင် ဆာဂျင်ရက်ကလစ်ဖ်က "သူတို့ (မန်စီးတီးအသင်း) ဘာကြောင့် အဲဒါကို စိန်ခေါ်မှုလုပ်လဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ခင်ဗျားက လိဂ်ပြိုင်ပွဲအတွက် ကောင်းတဲ့အရာကို တွေးနေတာထက် တရားရုံးမှာ အချိန်ပိုပြီး ကုန်ဆုံးရမှာကို သတိမပြုမိဘူးဆိုရင် အဲဒီအတွက်ကြောင့်နဲ့ ကျွန်တော်တို့ရရှိထားတဲ့ ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲကို မပျက်စီးစေချင်ပါဘူး" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent