■ အူနိုင်းအမ်မရီနှင့် ပြန်လည်ရင်ဆိုင်ခြင်း     

■ အူနိုင်းအမ်မရီနှင့် ပြန်လည်ရင်ဆိုင်ခြင်း     
Photo: Goal.com
Photo: Goal.com
Published 23 August 2024
Wai Yan Aung

ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်း ရှုံးပွဲ (၅) ပွဲသာ ရှိခဲ့ပါတယ်။ နောက်ဆုံး ရှုံးခဲ့တာက အက်စတွန်ဗီလာအသင်းကိုဖြစ်ပြီး နှစ်ကျော့စလုံး အရှုံးပေးခဲ့ရတာလည်း အက်စတွန်ဗီလာ တစ်သင်းတည်းသာ ရှိခဲ့တာပါ။ အာဆင်နယ် အသင်းက ရာသီအဆုံးသတ်ချိန် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ချန်ပီယံ မန်စီးတီးနဲ့  (၂) မှတ်သာ ကွာဟပြီး ဒုတိယရခဲ့တာကြောင့် တကယ်လို့များ ဒုတိယအကျော့မှာ အက်စတွန်ဗီလာကို အနိုင်ရခဲ့မယ်ဆိုရင် အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ ဒီတော့ အိမ်ကွင်းမှာ အက်စတွန်ဗီလာအသင်းကို အရှုံးပေးခဲ့ရခြင်းက အာဆင်နယ်ပရိသတ်တွေအတွက် ပြန်တွေးမိတိုင်း တနုံ့နုံ့ ခံစားရစေမယ့် ရလဒ်လည်း ဖြစ်နေနိုင်ပါတယ်။ အက်စတွန်ဗီလာက အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိပ်မက်ကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်ခဲ့တာလည်း အမှန်ပါပဲ။