■ ရာသီအဖွင့် ဂိုးပြတ်ရှုံးပွဲအတွက် နာပိုလီပရိသတ်များကို နည်းပြ ကွန်တီ တောင်းပန်

■ ရာသီအဖွင့် ဂိုးပြတ်ရှုံးပွဲအတွက် နာပိုလီပရိသတ်များကို နည်းပြ ကွန်တီ တောင်းပန်
Photo: Facebook
Photo: Facebook
Published 20 August 2024

နာပိုလီအသင်းနည်းပြ အန်တိုနီယိုကွန်တီသည် ရာသီအဖွင့်ပွဲစဉ်၌ ဗီရိုနာအသင်းကို ဂိုးပြတ်ရှုံးနိမ့်မှုအတွက် ပရိသတ်များအား တောင်းပန်ခဲ့ပြီး ဒုတိယပိုင်းကစားပုံမှာ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့သည်။

ဗီရိုနာအသင်းအား အဝေးကွင်း၌ သုံးဂိုးပြတ်ရှုံးနိမ့်သည့် ပွဲအပြီးတွင် ကွန်တီက ''ပထမပိုင်းမှာ တစ်သင်းတည်းပဲ ရှိခဲ့တယ်။ ဗီရိုနာက ဂိုးသွင်းခွင့် တစ်ကြိမ်တောင်ရတယ်လို့ ကျွန်တော် မထင်ဘူး။ ဒုတိယပိုင်းအစမှာပဲ ဗီရိုနာကို ဂိုးသွင်းခွင့်ပေးခဲ့ရပြီး ကျွန်တော်တို့ အနောက်ကိုရောက်သွားတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့က နေရောင်ခြည်ထဲမှာ နှင်းအရည်ပျော်သလို ဖြစ်သွားတယ်။ နာပိုလီပရိသတ်တွေကို တောင်းပန်သင့်တယ်လို့ ကျွန်တော် ခံစားရတယ်။ သူတို့က စိတ်အားထက်သန်မှုတွေနဲ့ ကျွန်တော်တို့နောက်ကို လိုက်လာခဲ့ကြတာပါ။ ကျွန်တော်က နည်းပြဖြစ်လို့ အပြည့်အဝတာဝန်ယူရတာ မှန်ပါတယ်။ ဒုတိယပိုင်းကစားပုံက လက်ခံနိုင်စရာမဟုတ်လို့ ကျွန်တော် တောင်းပန်ပါတယ်။ ဒီစွမ်းဆောင်ရည်က ကဏ္ဍအားလုံးမှာ ကျွန်တော်တို့ ကြိုးစားဖို့ လိုအပ်နေတယ်ဆိုတာ ပြသခဲ့ပါတယ်။ ကျွန်တော်က စိတ်အားထက်သန်မှုအများကြီးနဲ့ နာပိုလီကို လာခဲ့တာပါ။ နာပိုလီကို ကူညီပေးနိုင်တယ်ဆိုရင် ဘယ်အရာကိုမဆို ကျွန်တော် လုပ်ဆောင်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် ခွာရတ်စကယ်လီယာ ဒဏ်ရာရသွားသောကြောင့် နည်းပြ ကွန်တီအတွက် ပိုပြီးရတက်မအေးစရာ ဖြစ်ခဲ့သည်။

ကွန်တီအနေဖြင့် စီးရီးအေနည်းပြဘဝ ရာသီအဖွင့်(၇)ပွဲတွင် ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

၎င်းသည် ယခင်(၆)ပွဲတွင် (၅)ပွဲနိုင်၊ (၁)ပွဲသရေဖြင့် ရှုံးပွဲမရှိမှတ်တမ်း ရရှိထားခဲ့သည်။

Most Read

Most Recent