ရန်ကုန်မြို့တွင် စက်သုံးဆီ အမျိုးအစား လေးမျိုး ဆီဆိုင်အများစု၌ ပြန်လည်ရရှိနေပြီး တန်းစီသည့် မော်တော်ယာဉ်များ မရှိသလောက် နည်းပါးလာ

ရန်ကုန်မြို့တွင် စက်သုံးဆီ အမျိုးအစား လေးမျိုး ဆီဆိုင်အများစု၌ ပြန်လည်ရရှိနေပြီး တန်းစီသည့် မော်တော်ယာဉ်များ မရှိသလောက် နည်းပါးလာ
သြဂုတ် ၁၉ ရက် မွန်းလွဲပိုင်းက သုဝဏ္ဏမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီရောင်းချနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
သြဂုတ် ၁၉ ရက် မွန်းလွဲပိုင်းက သုဝဏ္ဏမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီရောင်းချနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 20 August 2024

ရန်ကုန်မြို့တွင် စက်သုံးဆီအမျိုးအစား လေးမျိုး ဆီဆိုင်အများစု၌ ပြန်လည်ရရှိနေ ပြီး တန်းစီသည့်မော်တော်ယာဉ်များ မရှိသ လောက် နည်းပါးလာကြောင်း ရန်ကုန်မြို့ တွင် မော်တော်ယာဉ်မောင်းနှင်သူများ၏ ပြောကြားချက်အရ သိရသည်။

သြဂုတ် ၁၉ ရက်မှ စတင်ကာ ရန်ကုန် မြို့ရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီအ မျိုးအစား လေးမျိုးစလုံး ပြန်လည်ရရှိခဲ့ပြီး             သြဂုတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် ဆီဝယ်ယူ ရန် တန်းစီသည့်မော်တော်ယာဉ် မရှိသ လောက် နည်းပါးလာကြောင်း သိရသည်။

“ဒီနေ့ကတော့ တန်းစီတဲ့ကား တော် တော်နည်းလာပြီ။ တချို့ဆိုင်တွေမှာဆို တန်း ဝင် တန်းဝယ်ဖြစ်လာပြီ။ တန်းမစီရတော့ဘူး။ ဆိုင်တော်တော်များများမှာ ဆီလေးမျိုးစလုံး ပြန်ရနေပြီ” ဟု ရန်ကုန်မြို့တွင်း အငှားယာဉ် မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

သြဂုတ် ၂၀ ရက်တွင် ရန်ကုန်မြို့ရှိစက် သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဆီစျေးနှုန်းများအနေဖြင့် ၉၂ တစ်လီတာ ကျပ် ၂၉၉၀၊ ၉၅ တစ်လီတာ ကျပ် ၃၂၁၀၊ ပရီ မီယံ ဒီဇယ်တစ်လီတာ ၃၁၁၅ ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာ ကျပ် ၂၆၂၀ ဖြစ်ကြောင်း သိရသည်။

“ဆီဆိုင်တွေက ဘေလ်ဘုတ်တွေမီးပြန် လင်းလာတယ်။ အကုန်ပြန်ရောင်းပေးနေ တယ်” ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ် မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၁၉ ရက်တွင် စျေးနှုန်းများမြင့်တက်ခဲ့ပြီး ဓာတ်ဆီ အမျိုးအစားများတွင် ပျမ်းမျှအားဖြင့် ကျပ် ၁၀၀ ကျော်၊ ရိုးရိုးဒီဇယ်ဆီအမျိုးအစားမှာ တစ်လီတာ ကျပ် ၆၀ မြင့်တက်လာခြင်းဖြစ် သည်။

“ဆီစျေးကတော့ တက်လာတယ်။ ဆိုင် တွေရဲ့ ဘေလ်ဘုတ်မှာလည်း ဆီလေးမျိုးစလုံး ပြန်ရောင်းနေကြပြီ။ ကားတန်းတွေလည်း သိပ်မရှိတော့ဘူး” ဟု ရန်ကုန်မြို့တွင် အငှား ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူရသည့် အခြေအနေမှာ သြ ဂုတ် ၁၂ ရက် ညနေပိုင်းတွင် စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ရှိ စက် သုံးဆီဆိုင်များတွင် ဆီဝယ်ယူရန်တန်းစီခဲ့ရ သည့် မော်တော်ယာဉ်များ ရာနှင့်ချီရှိခဲ့ပြီး သြဂုတ် ၁၇ ရက်မှ စတင်ကာ လျော့နည်းလာ သည်။

သြဂုတ် ၁၅ ရက်တွင် ရောင်းချခဲ့သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ကျပ် ၂၇၅၀၊ ၉၅ တစ်လီတာ ကျပ် ၂၈၉၀၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၉၄၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကျပ် ၂၄၅၀ ဖြစ်ကြောင်း သိရ သည်။

သြဂုတ် ၁၅ ရက်တွင် စက်သုံးဆီများအ လုံအလောက်မရရှိသဖြင့် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းအချို့တွင်လည်း ကျောင်းသူကျောင်း သားများကို ကြိုပို့သည့်မော်တော်ယာဉ်များ မပြေးဆွဲနိုင်ဘဲ မိမိအစီအစဉ်ဖြင့်သာ လာ ရောက်ပို့ဆောင်ကြရန် မှာကြားလျက်ရှိသည် ဟု ကျောင်းသားမိဘအချို့၏ ပြောကြားချက် အရ သိရသည်။

လက်ရှိတွင် ဆီဆိုင်အများစုတွင်  မော်တော်ယာဉ်တစ်စီးလျှင် အများဆုံးကျပ်ငါးသောင်းဖိုးသာ ရောင်းချပေးနေသည်ဟု သိရသည်။

သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့ရှိ စက် သုံးဆီဆိုင်များတွင် ဆီပြတ်လတ်မှုများဖြစ် ပွားခဲ့ရာ မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီ တင်ကားများ ဘေးအန္တရာယ်ကင်းရှင်းရန်        အတွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန် အချိန်ထက် ပိုမိုကြန့်ကြာခဲ့ကြောင်း၊ ယင်း ကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီစက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့ခဲ့ ရကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ်ပိုမိုမြင့်တက် လာခြင်းကြောင့် ယနေ့ဖြစ်ပျက်နေသည့်အ ခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့ လာသူအများစုသည် မြို့ကြီးများ‌သို့ ရောက် ရှိလာသည့်အတွက် စက်သုံးဆီလိုအပ်ချက် လည်း မြို့ကြီးများတွင် ပိုမိုခဲ့ကြောင်း အဆိုပါ အသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent