လက်လီဆန်ဆိုင်များတွင် လက်လီရောင်းချမှုအတွက် သတ်မှတ်ထားသော စျေးနှုန်းများအတိုင်း ရောင်းချပေးရန် လိုအပ်မှုရှိနေသေးကြောင်း MRF ထုတ်ပြန်

လက်လီဆန်ဆိုင်များတွင် လက်လီရောင်းချမှုအတွက် သတ်မှတ်ထားသော စျေးနှုန်းများအတိုင်း ရောင်းချပေးရန် လိုအပ်မှုရှိနေသေးကြောင်း MRF ထုတ်ပြန်
Published 9 July 2024

လက်လီဆန်ဆိုင်များတွင် လက်လီ ရောင်းချမှုအတွက် သတ်မှတ်ထားသော စျေးနှုန်းများအတိုင်း ရောင်းချပေးရန် လိုအပ်မှု ရှိနေသေးကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။

 ရပ်ကွက်များ၊ စျေးများနှင့် မြို့ရွာများအ တွင်း ဖွင့်လှစ်ထားသည့် လက်လီဆန်ဆိုင်များ အား သတ်မှတ်ရည်ညွှန်းစျေးများနှင့်အညီ ရောင်းချရန် တိုက်တွန်းနှိုးဆော်ခြင်းနှင့် ဆန် စျေးနှုန်းတည်ငြိမ်ရေး အစီအစဉ်တွင် ပူးပေါင်း ဆောင်ရွက်ရန်လည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် လက်လီ ဆန် ဆိုင်များသည် ဆန်စျေးကွက်တွင် အလွန်အ ရေးပါပြီး စားသုံးသူများနှင့်ထိတွေ့မှု အများ ဆုံးဖြစ်ကာ ရပ်ကွက်များ၊ စျေးများနှင့် မြို့ရွာ များတွင် ပျံ့နှံ့တည်ရှိကြောင်း၊ ယခုအခါ ဆန် စျေးနှုန်းများသည် ဆန်စက်များ၊ ပွဲရုံများနှင့် ကုန်စည်ဒိုင်များ ပါဝင်သည့် လက်ကားစျေး ကွက်တွင် သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချနေပြီ ဖြစ်သော်လည်း လက်လီဆန် ဆိုင်များတွင် လက်လီရောင်းချမှုအတွက်သတ် မှတ်ထားသော စျေးနှုန်းများအတိုင်း ရောင်းချ ပေးရန် လိုအပ်မှုရှိနေသေးကြောင်း တွေ့ရှိရ သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆိုသည်။

သို့ဖြစ်၍ လက်လီဆန်ဆိုင်များ အနေ ဖြင့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများနှင့် အညီ ပစ္စည်းမှန်၊ စျေးနှုန်း မှန်၊ အလေးချိန်မှန်၊ အ ရည်အသွေးမှန်စွာဖြင့် ရောင်းချရန် အလေး အနက် တိုက်တွန်းနှိုးဆော်အပ်ကြောင်း၊ ထို့ ပြင် လက်လီဆန်ဆိုင်များတွင် သိုလှောင်ထား သော ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်း၊ ပေါ်ဆန်းဆန်များ၊ ရက် ၉၀၊ ပခန်း၊ မနောသုခ၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော စသည့် ဆန်များကို စားသုံးသူများ ထံသို့ သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ထုတ်ရောင်းပေးရန် အထူး အလေးအနက်ပြု နှိုးဆော်သတိပေးထားကြောင်း ဖော်ပြထား သည်။

  သတ်မှတ် ရည်ညွှန်းစျေးနှုန်းများထက် ပို၍ ရောင်းချမှုများကို ထိရောက်စွာ ဖော်ထုတ် အရေးယူမှုများ၊ အရေးကြီးကုန်စည်နှင့် ဝန် ဆောင်မှုများ ဥပဒေ၊ စားသုံးသူအကာအကွယ် ပေးရေး ဥပဒေ တို့ဖြင့် တရားစွဲဆိုမှုများ ရှိပါ သဖြင့် ဆန်စျေးကွက် တည်ငြိမ်ကျဆင်းရေး အပေါ် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လို အပ်ကြောင်း ဆန်စပါးအသင်းချုပ်က အသိ ပေးသည်။

လက်ကားရောင်းချသည့် ပွဲရုံများ၊ ဆန် စက်များနှင့် ကုန်စည်ဒိုင်များထံမှ သတ်မှတ် ရည်ညွှန်းစျေးများနှင့် ကုန်ပစ္စည်းရရှိမှုမရှိ ခြင်း၊ အရည်အသွေး လျော့နည်းသော ပစ္စည်း များသာ ဝယ်ယူရရှိပါက အသင်းချုပ်၏ ဖုန်း များသို့ တိကျခိုင်လုံသော အချက်အလက်များ ဖြင့် အသိပေးတင်ပြနိုင်ကြောင်း၊ သတ်မှတ် ရည်ညွှန်းစျေးများအတိုင်း စားသုံးသူများထံ ပစ္စည်းမှန်၊ စျေးမှန် ရောင်းချပေးလိုပြီး ထိုသို့ ရောင်းချရန် ဆန်အိတ်များကို ရည်ညွှန်းစျေး ဖြင့် ထောက်ပံ့ပေးစေလိုပါက မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ လက်လီဆန်ဆိုင်များအထိ အရောက်ပေးပို့မည် ဖြစ်ကြောင်း၊ အဆိုပါ ဆန်စျေးနှုန်း တည်ငြိမ်ရေးအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ပါရန် လက်လီဆန် ဆိုင်များကို ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

 

ဆန်စပါးအသင်းချုပ်မှ ရောင်းချပေးလျက်ရှိသည့် ဆန်များကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

Most Read

Most Recent