ချင်းပြည်နယ် လက်နက်ကိုင်ပဋိပက္ခတွင် AA ပါဝင်စွက်ဖက်နေခြင်းက ချင်းလူမျိုးများ၏ စည်းလုံးညီညွတ်မှုကို အဟန့်အတားဖြစ်စေသဖြင့် ရှုတ်ချကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီ ထုတ်ပြန်

ချင်းပြည်နယ် လက်နက်ကိုင်ပဋိပက္ခတွင် AA ပါဝင်စွက်ဖက်နေခြင်းက ချင်းလူမျိုးများ၏ စည်းလုံးညီညွတ်မှုကို အဟန့်အတားဖြစ်စေသဖြင့် ရှုတ်ချကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီ ထုတ်ပြန်
Published 17 July 2024

 

ချင်းပြည်နယ် လက်နက်ကိုင်ပဋိပက္ခ တွင် AA ပါဝင်စွက်ဖက်နေခြင်းက ချင်းလူ မျိုးများ၏ စည်းလုံးညီညွတ်မှုကို အဟန့်အ တားဖြစ်စေသဖြင့် ရှုတ်ချကြောင်း ချင်းနှစ် ခြင်းခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေး နှင့် တရားမျှတမှုကော်မတီက ဇူလိုင် ၁၅ ရက် တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်တွင် ချင်းလက်နက်ကိုင် အဖွဲ့အစည်းများအကြား ပစ်ခတ်တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့ပြီးနောက် ချင်းနှစ်ခြင်း ခရစ် ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရား မျှတမှုကော်မတီက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လလယ်က ချင်းပြည်နယ် မတူပီမြို့တွင် ချင်းအမျိုးသားတပ်ဦး (CNF/CNA) နှင့် ချင်းညီနောင်အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ချင်းပြည်နယ် ချင်းအမျိုးသားတပ်ဦး (CNF/CNA)  ဦးဆောင်သည့် ချင်းလက်နက် ကိုင်ပူးပေါင်းအဖွဲ့များက တပ်မတော်နှင့် ရဲ တပ်ဖွဲ့စခန်များအား တိုက်ခိုက်မှုများ ပြုလုပ် လျက်ရှိသည့်အပြင် ၎င်းင်းတို့အဖွဲ့က ဦးဆောင် ၍ ချင်းပြည်ကောင်စီကို ဖွဲ့စည်းကာ ပြည် နယ်အတွင်း အုပ်ချုပ်ရေးယန္တရား လည်ပတ် ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

အလားတူ အခြားတစ်ဖက်တွင်လည်း ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသား အဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်း တပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးအဖွဲ့(ကန်ပက်လက်)၊ ချင်း လဲန်းကာကွယ်ရေးအဖွဲ့(မတူပီ)တပ်မဟာ (၁)တို့ ပူးပေါင်းဖွဲ့စည်ထားသည့် ချင်းညီနောင် အဖွဲ့သည် ရက္ခိုင့်တပ်တော်(AA)နှင့် ပူး ပေါင်းကာ ချင်းပြည်နယ်အတွင်း တပ်မတော် နှင့် ရဲတပ်ဖွဲ့စခန်းများကို တိုက်ခိုက်မှုများပြု လုပ်နေခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းလက် နက်အဖွဲ့အစည်းများအကြားတွင် အမြင်မ တူညီမှုနှင့် သဘောထား ကွဲလွဲမှုအချို့ကို တွေ့ ရှိရကြောင်း၊ ယင်းအချက်သည် အဓိက ရည် မှန်းချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုက ရေစီရရှိရေးကို အဟန့်အတားဖြစ်စေကြောင်း၊ ထို့ကြောင့် ချင်းလက်နက်ကိုင်အဖွဲ့များအ ကြား စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံးဖော်ကြ ရန် တိုက်တွန်းကြောင်း ချင်းနှစ်ခြင်းခရစ် ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရား မျှတမှုကော်မတီက ထုတ်ပြန်သည်။

ထို့ပြင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ကော်မတီသည် AA ၏ ချင်းပြည်နယ် လက် နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်စွက်ဖက်နေ ခြင်းအပေါ် ချင်းပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်အတွက် အထူးစိုးရိမ်ပူပန်လျက်ရှိကြောင်း၊ ချင်းပြည်နယ် လက်နက်ကိုင် ပဋိပက္ခအတွင်း AA  ပါဝင်လာခြင်းက ချင်း ပြည်နယ်နှင့် ချင်းလူမျိုးများ၏ စည်းလုံး ညီညွတ်မှု ရရှိရေးအတွက် ကြီးမားသည့် အ ဟန့်အတားဖြစ်လာစေသောကြောင့် AA ၏ ချင်းပြည်နယ် လက်နက်ကိုင်ပဋိပက္ခတွင် ပါ ဝင်ပတ်သက်မှုကို ရှုတ်ချပြီး ယခုလို ပါဝင်နေ ခြင်းမှ ချက်ခြင်းရပ်တန့်ရန် တောင်းဆို ကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ် ၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မ တီက ထုတ်ပြန်သည်။

ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ် (USA) သည် အမေရိကန်နိုင်ငံရှိ ပြည်နယ် ၂၅ ခုတွင် တည်ရှိသော အသင်းတော်ပေါင်း ၁၂၀ ကျော်ဖြင့် စုပေါင်းဖွဲ့စည်းထားပြီး အ သင်းဝင်ပေါင်း သုံးသောင်းကျော်ရှိသည့် အ ဖွဲ့အစည်းကြီးလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ချင်းနှစ် ခြင်းခရစ်ယာန်အသင်းချုပ်အနေဖြင့် ငြိမ်း ချမ်းရေးနှင့် တရားမျှတမှုကော်မတီကို နိုင်ငံ ရေးနှင့် လူမျိုးရေးဆိုင်ရာ ကဏ္ဍအသီးသီး တွင် တာဝန်ယူရန် ဖွဲ့စည်းတည်ထောင်ခဲ့ ခြင်းလည်း ဖြစ်သည်။

ချင်းလက်နက်ကိုင်အဖွဲ့အစည်းများ အကြား ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ချင်းပြည်ကောင်စီကလည်း ဇွန် ၁၈ ရက် တွင် ထုတ်ပြန်ခဲ့သည်။ 

ချင်းပြည်ကောင်စီသည်  ၂၀၂၄ ခု နှစ် မေ ၁၉ ရက်တွင် ကျီခါးမြို့၊ မေ၂၃ ရက် တွင် တွန်းဇံမြို့နယ်နှင့် မေ ၃၀ ရက်တို့တွင် မတူပီ မြို့နယ်၊ ခရိုင်ရုံးစသော တပ်မတော်၏ တပ် စခန်းများကို အပြီးသိမ်းယူနိုင်ခဲ့ကြောင်း၊ မတူပီမြို့နယ် ခလရ (၁၄၀) နှင့် ဗျူဟာကုန်း တို့ကို သိမ်းယူနိုင်ရန်ပြင်ဆင်လျက်ရှိရာ ဇွန် ၁၇ ရက်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ပူး ပေါင်းတပ်တို့က မတူပီမြိုတွင်းမှ စစ်ဘေး ရှောင်များအား အကြိုအပို့ဆောင်ရွက်နေ သော မိမိတို့ရဲဘော်တစ်ဦးအား ဖမ်းဆီးခဲ့ သည့်အပြင် မိမိတို့ စစ်ရေးလှုပ်ရှားနေသည့် ဖနိုင်ရွာနှင့် ခလရ (၁၄၀)ကြား အဟန့်အတား ပြုလုပ်၍ စစ်ဆင်ရေး မဖော်ဆောင်နိုင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ် ပွားခဲ့ပြီး ဆက်လက် တိုက်ပွဲ ဖြစ်ပွားလျက်ရှိ ကြောင်း၊ သို့ဖြစ်၍  ချင်းပြည်ကောင်စီ၊  CDF-Matupi Brigade-2

အပါအဝင် ပူးပေါင်း တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု  ပြုလုပ်နေသည့် နေရာများတွင် အဟန့်အတား မပြုလုပ်ပေး ရန်နှင့် ခလရ (၁၄၀) နှင့် ဗျူဟာကုန်းကို အ မြန်ဆုံး သိမ်းပိုက်နိုင်ရေး ဆက်လက်ဆောင် ရွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အတူ ချင်းညီနောင်အဖွဲ့ကထုတ်ပြန် ရာတွင်  ချင်းညီနောင်သည်  ချင်းညီနောင်စစ် ဆင်ရေး (Operation CB)

အမည်ဖြင့် ကျင် ဒွေးမြို့သိမ်းစစ်ဆင်ရေး၊ တီးတိန်မြို့သိမ်း စစ်ဆင်ရေး၊ မတူပီ မြို့သိမ်းစစ်ဆင်ရေးများ ကို ဆက်တိုက်ဆင်နွှဲခဲ့ရာ လက်ရှိအချိန်တွင် ကျင်ဒွေးမြို့၊ တီးတိန်မြို့ရှိ EPC လျှပ်စစ်ရုံး စခန်းနှင့် တာဝါတိုင်စခန်းတို့ကိုသိမ်းယူခဲ့ ပြီး ဇွန် ၁၇ ရက်တွင် မတူပီမြို့ရှိ ခမရ(၃၀၄) ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ (၁၄၀) နှင့် ဗျူဟာစခန်းကို ဆက်လက်ထိုးစစ်ဆင် နေစဉ် ချင်းပြည်နယ်အတွင်း ချင်းအမျိုးသား တပ်ဦး CNF/CNA)

နှင့် ၎င်း၏လက်အောက် ခံတပ်များက ရုတ်တရက်အလစ်အငိုက်တိုက် ခိုက်ခြင်းကို ခံခဲ့ရကြောင်း ဖော်ပြထားသည်။

Most Read

Most Recent