■ စဥ့်ကူး တိုက်ပွဲအတွင်း အချုပ်သား အချို့နှင့်အတူ လွတ်မြောက်လာကြောင်း တေးသံရှင် တသသ ‌ပြောကြား

■ စဥ့်ကူး တိုက်ပွဲအတွင်း အချုပ်သား အချို့နှင့်အတူ လွတ်မြောက်လာကြောင်း တေးသံရှင် တသသ ‌ပြောကြား
Published 17 July 2024

စဥ့်ကူးတိုက်ပွဲအတွင်း အချုပ်သားအချို့နှင့်အတူ လွတ်မြောက်လာ ကြောင်း တေးသံရှင် တသသက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

“လွတ်လာတယ်ဆိုတာ လွှတ်ပေးတာမဟုတ်ပါဘူး။ စဉ်ကူးမှာ တိုက်-ပွဲ၂ကြိမ်ဖြစ်ပါတယ်။ပထမတစ်ကြိမ်ဖြစ်တော့ ကျွန်မတို့ကို အချုပ်က ထုပ်ပြီး လက်ထိပ်ခပ် မခေါက်ရွာဘက်ရရက် ထားပါတယ်။  ၅.၆ရက်ကလက်ထိပ်ဖြုတ်မပေးပါဘူး။ လက်ထိပ်ခပ်ရက်အိပ်ခဲရတယ်။ကျွန်မနဲ့အတူအချုပ်သား မိန်းကလေးပါတယ်။ကျား၆ယောက် ပါတယ်။ ရရက်မြောက်နေမှာ မခေါက်ရွာကနေ စဉ်ကူးအချုပ် ကိုပြန်ပို့တယ်။စဉ်ကူးအချုပ် ပြန်ရောက်လို့ ၃ရက်မြောက်မှာတိုက်ပွဲပြန်စဖြစ်တယ်။ စဉ်ကူးရဲစခန်းက ရဲတွေအကုန် ထွက်ပြေးကြတယ်။ကျွန်မတို့ အချုပ်သားတွေကို သောခက်ပီးပစ်ထားခဲ့ပါတယ်။ ထမင်း ၂ရက်မစားရဘူး။လေယဉ်တွေ ဒုံးတွေနဲ့ဗုံကျဲတယ်။ ကျွန်မတို့ အသက့်ကို ကျွန်မ မန်နေဂျာနဲ့အဖွဲစီးတစ်ချို့က ပစ်ခက်ကြားကနေ အချုပ်ခန်းသော့ကို ရိုက်ဖျက်ပီးလာကယ်ပေးခဲ့ပါတယ်။အချုပ်အပြင်ရောက်တော့ ဒုံရောလေယဉ်ရောကျွန်မတို့ ‌နောက်ကိုလိုက်ပစ်လို့တစ်ယောက်ကခြေထောက်ထိ သွားပါတယ်။အခုကျွန်မ ရွှေဘိုနယ်ဘက်က ရွာတစ်ရွာမှာလုံခြုံတဲ့နေရာမှာ ခနတည်ခိုနေပါတယ်”ဟု တေးသံရှင် တသသက ရေးသားထား သည်။

အမှုနှင့် ပတ်သက်ပြီး လမ်းပွင့်ချိန်တွင် တရားဥပဒေအရ ရင်ဆိုင်မည် ဖြစ်ကြောင်း၊ သမီးဖြစ်သူမှာ ၆၆ (ဂ) ဖြင့် အဖမ်းခံ ထားရခြင်းကို မသိရှိခဲ့ကြောင်း ၎င်းက ဆက်လက်ရေးသားထား သည်။

“ကျွန်မသမီးခင်ပပသည် ကျွန်မ မအေခိုင်းသမျှကိုလုပ်ပေးရ တာဖြစ်တဲ့အတွက့် သူမှာအပစ်မရှိ့ပါဘူး။ ကျွန်မသည်လည်း မည်သူ့ကိုမှ လိုင်းပေါ်ကနေငွေလိမ်ခဲ့ခြင်းမရှိ့ခဲ့ပါဘူး။ ကျွန်မကို ၃၀ ကကြီးနဲ့တရားစွဲထားတဲ့စဉ်ကူးတရားရုံးလည်း မရှိ့တော့သလိုသက်သေခံပစ္စည်းတွေလည်းမရှိ့တော့ပါဘူးရှင့်။ ဘယ်အမှုတွက်ဘဲဖန်းချင်ဖန်းချင် အခုလမ်းပိတ်‌နေလို့ ကျွန်မလာမရပါဘူး။ သက်ဆိုင်တဲ့ဌာနက ကျွန်မကိုဖန်းချင်တယ်ဆို ကျွန်မရှိတဲ့ နေရာ လာဖန်းနိုင်ပါတယ်။ မက်ဆင်ဂျာမှာလိမ်စာလာ ယူပါ။ ကျွန်မသည်အချုပ်ကထွက်ပြေးခဲခြင်းမဟုတ်ပါ။စဉ်ကူး ရဲစခန်းကရဲတွေအကုန်သည် ကျွန်မတို့အချုပ်သားတွေကို ‌သော့ခပ်ထားခဲပီး ထွက်‌ပြေးသွားကြလို့ အသက်ရှင်ရေးအတွက် ဗုံးကျဲနေတဲ့ကြားက ထွက်လာခဲ့ခြင်းသာ ဖြစ်ပါတယ်ရှင့် ”ဟု ၎င်းက ရေးသားထားသည်။

မန္တလေးမြို့အနီး မတ္တရာနှင့် စဥ့်ကူးမြို့တို့တွင် တပ်မတော်နှင့် MDY PDF တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဒေသခံ အချို့ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ရလျက်ရှိသည်။

တေးသံရှင် တသသမှာ စဥ့်ကူးမြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးခံ ထားရခြင်းဖြစ်ပြီး ဖမ်းဆီးမခံရမီက လူမှုကွန်ရက်တွင် အေသင် ချို နှင့် အပြန်အလှန် live လွှင့် ပြောဆိုမှုများကြောင့် လူအများ စိတ်ဝင်စားခံခဲ့ရပြီး ၎င်း၏သမီးဖြစ်သူမှာလည်း ဆက်သွယ်ရေးပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့် ဖမ်းဆီး ခံထားရသည်။

Most Read

Most Recent