ရန်ကုန်တိုင်းအတွင်း လေးရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရသူ ၂၂၄ ဦးရှိခဲ့ပြီး ၁၃၀ မှာ ရောဂါသက်သာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ရန်ကုန်တိုင်းအတွင်း လေးရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရသူ ၂၂၄ ဦးရှိခဲ့ပြီး ၁၃၀ မှာ ရောဂါသက်သာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု
သာကေတမြို့နယ် ထူပါရုံရပ်ကွက်အတွင်း ကလိုရင်းဆေးများ လူမှုကူညီရေးအသင်းက လိုက်ခတ်နေစဉ် (ဓာတ်ပုံ- ကြည်နိုင်)
သာကေတမြို့နယ် ထူပါရုံရပ်ကွက်အတွင်း ကလိုရင်းဆေးများ လူမှုကူညီရေးအသင်းက လိုက်ခတ်နေစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 10 July 2024

ရန်ကုန်တိုင်းအတွင်းလေးရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရသူ ၂၂၄ ဦးရှိခဲ့ပြီး၁၃၀ မှာ ရောဂါသက်သာသဖြင့် ဆေး ရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း ကျန်းမာရေးဝန် ကြီးဌာနမှ ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်အချို့တွင် ဇွန် ၂၅ ရက်မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများ ဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများရှိ ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

ဇူလိုင် ၉ ရက် နံနက် ၆နာရီမှ ညနေ ၆ နာရီအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ်၆၄ ဦးရှိခဲ့ပြီး ယင်းတို့အနက် ခုနစ်ဦးမှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူများ ဖြစ် ကြောင်းနှင့် လူနာအားလုံး၏အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၈ ရက်နံနက် ၆ နာရီမှ ည ၆ နာရီ အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက် ကုသသူလူနာသစ် ၆၀ ရှိခဲ့ပြီး ၎င်းင်းတို့အနက် ခြောက်ဦးမှာ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများဖြစ် ကြောင်း နှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၇ ရက် နံနက် ၈ နာရီမှ ည ၈ နာရီ အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာသစ် ၄၄ ဦးရှိခဲ့ပြီး ၎င်းင်းတို့အနက် နှစ်ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ပြီး ကျန် ၄၂  ဦးမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ် ပွားသူ လူနာများဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၆ ရက်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာသစ် ၆၃ ဦးရှိခဲ့သည်ဟု ကျန်းမာ ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

ယင်းကြောင့် လေးရက်အတွင်း ဝမ်း လျှောဝမ်းပျက်လူနာ ၂၂၄ ဦးရှိခဲ့ပြီး ယင်းတို့ အနက် ၁၃၀ မှာ ရောဂါသက်သာသဖြင့် ဆေး ရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါကူးစက်ဖြစ်ပွားမှုမှာ စတင် လျော့ကျလျက်ရှိကြောင်းနှင့် ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုအဆင့်ကွင်းဆင်းအဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦး စီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ကွင်းဆင်းအဖွဲ့များနှင့်ပူးပေါင်း၍ ကျန်းမာရေးဝန် ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ရောဂါဖြစ် ပွားရာ မြို့နယ်၊ ရပ်ကွက်၊ နေအိမ်များသို့ ကွင်း ဆင်း၍ လူနာတွေ့ရှိရာနေရာသို့ ဦးတည်ကာ ကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများဖြစ်သည့် လူ နာများနေထိုင်ရာနေအိမ်များသို့ သွားရောက် ၍ ကူးစက်မှုဖြစ်စဉ်များအား စစ်ဆေးမေးမြန်း စုံစမ်းခြင်း၊ ရောဂါပိုးထိန်းချုပ်ခြင်း၊ ထိတွေ့သူ များကို ဃသညအခေအ ွှမနအောနညအ ပေးခြင်း၊ အနီး ပတ်ဝန်းကျင်တွင် လူနာသစ်ရှာဖွေခြင်း၊ ကျန်း မာရေးအသိပညာပေးခြင်း၊ သောက်သုံးရေ သန့်ရှင်းရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားများဝေခြင်း၊ အစားအစာ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ် ငန်းများဆောင်ရွက်ခြင်း စသည့်ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား နှီးနွှယ် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Most Read

Most Recent