သီပေါမြို့နယ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်‌ ဒေသခံငါးဦး ဒဏ်ရာရရှိ

သီပေါမြို့နယ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်‌ ဒေသခံငါးဦး ဒဏ်ရာရရှိ
Published 3 July 2024

ရှမ်းပြည်နယ် မြောက်ပိုင်း  သီပေါမြို့နယ် စံဖိတ်ရပ်ကွက်တွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့်‌ ဒေသခံ ငါးဦး ဒဏ်ရာရရှိခဲ့ ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်သည်။

ဇူလိုင် ၁ ရက် ညနေ ၆ နာရီခန့်က သီပေါမြို့နယ် စံဖိတ်ရပ်ကွက်အတွင်း လက် နက်ကြီးများ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီး ဒေသခံ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား သုံးဦးတို့  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်း အမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်သည်။

ထိုသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့် အဖွဲ့အစည်းက ပစ်ခတ်သည်ကို  မသိရသေး ကြောင်းနှင့် ဒဏ်ရာရရှိသူ ငါးဦးအနက် နှစ်ဦး မှာ ဒဏ်ရာပြင်းထန်သည့်အတွက် ပရဟိတ အဖွဲ့များ က လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးထား ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဒဏ်ရာရရှိသူ ငါးဦးအနက် အသက် ၂၀ အရွယ်ရှိ မောင်မျိုးမင်အောင်၏ ခါးနေရာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အသက် ၃၈ နှစ် အရွယ်ရှိ မောင်ဝင်းဝင်းဆန်း ၏ ဘယ်ဘက်ပေါင်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သောကြောင့် ၎င်းင်းတို့နှစ်ဦးကို လားရှိုး ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရ ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် အခြားသောဒဏ်ရာရရှိသူသုံး ဦးတွင် အသက် ၂၉ နှစ်အရွယ်ရှိ  မချစ်မေပိုး၏ ခြေထောက်တွင်လည်းကောင်း၊ အသက် ၂၃ နှစ်အရွယ်ရှိ မချစ်ပိုးထွေး၏ ဘယ်ခြေသလုံး၊ ညာပေါင်နှင့် လည်ပင်းတွင်လည်းကောင်း၊ အသက် ၂၇ နှစ်အရွယ်ရှိ မောင်ဇော်ဝင်း ထက်၏ ကျောကုန်းတွင်လည်းကောင်း ထိ ခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းတို့အနေဖြင့် သီပေါဆေးရုံ၌ ဆေးကုသမှုခံယူနေရဆဲဖြစ် ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။