■ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 5 July 2024

အင်္ဂလန် - ဆွစ်ဇာလန် (မြန်မာစံတော်ချိန် ဇူလိုင်လ ၆ ရက် ည ၁၀:၃၀ နာရီ)

အင်္ဂလန်က ချန်ပီယံအိပ်မက်အတွက် ထပ်ပြီး တိုက်ခိုက်ရဦးမယ်။ ဆွစ်ဇာလန်က ဒီပြိုင်ပွဲမှာ အင်္ဂလန်ရင်ဆိုင်ခဲ့တဲ့အသင်းအားလုံးထက် ပိုကောင်းတဲ့အသင်း ဖြစ်တယ်။ ဆလိုဗက်ကီးယားအသင်းနဲ့ကစားခဲ့တဲ့ပွဲတုန်းက အင်္ဂလန်အသင်းက ကံကောင်းလို့ နောက်ဆုံးစက္ကန့်မှာ ချေပဂိုးရခဲ့ပြီး အချိန်ပိုမှာ အနိုင်ဂိုးထပ်ရခဲ့တာဖြစ်တယ်။ အုပ်စုပွဲစဉ်တွေတုန်းက ခြေစွမ်းမျိုး နဲ့ ဆွစ်ဇာလန်ကို ကစားဖို့ ခက်သလို၊ ဆလိုဗက်ကီးယားနဲ့ပွဲက ခြေစွမ်းမျိုးနဲ့လည်း ဆွစ်ဇာလန်ကို ကစားဖို့ ခက်တယ်။ အင်္ဂလန်ရဲ့ အဓိကပြဿနာက ကွင်းလယ်အလုပ်လုပ်ပုံ မကောင်းသလို၊ တောင်ပံတွေက တစ်ဦးချင်း လုပ်ရည်ကိုင်ရည်လျော့ကျနေခြင်းဖြစ်တယ်။ ဆွစ်ဇာလန်ခံစစ်က အင်္ဂလန်အသင်းထက် ပိုကောင်းပြီး ကွင်းလယ်ကလည်း အင်္ဂလန်အသင်းထက် စုဖွဲ့မှုပိုကောင်းတယ်။ တိုက်စစ်ပိုင်းမှာတော့ အင်္ဂလန်က နာမည်ကျော်တွေများပေမယ့် လက်ရှိအချိန်မှာ အမ်ဘိုလို၊ အန်ဒိုယီတို့က ပိုအားကောင်းနေတာ တွေ့ရတယ်။ ဒီပွဲမှာ ထရစ်ပီယာသာ ဘယ်ခြမ်းမှာ ဆက်ကစားနေပြီး ကိုးလ်ပါမာ၊ မိန်နူးတို့ကို အကျိုးရှိရှိ အသုံးမချနိုင်ရင် အင်္ဂလန်ရဲ့ အခွင့်အရေးက ခက်ခဲသွားလိမ့်မယ်။ ဆွစ်ဇာလန်ကို ပိုကြိုက်တယ်။ 

 

နယ်သာလန် - တူရကီ (မြန်မာစံတော်ချိန် ဇူလိုင်လ ၇ ရက် နံနက် ၁:၃၀ နာရီ)

အုပ်စုတွင်းမှာ တတိယနေရာပဲ ရခဲ့ပေမယ့် နယ်သာလန်အသင်းက ကိုယ့်လမ်းကို ကောင်းကောင်းလျှောက်နေတယ်လို့ ပြောလို့ရတယ်။ ပိုလန်နဲ့ပွဲမှာ ကပ်နိုင်ခဲ့တဲ့ ခြေစွမ်းက မဆိုးသလို၊ ပြင်သစ်နဲ့ သရေကျတဲ့ပွဲ၊ သြစတြီးယားကို ရှုံးခဲ့တဲ့ပွဲတွေမှာလည်း နယ်သာလန်ကစားတာ မဆိုးပါဘူး။ ဒါပေမဲ့ နယ်သာလန်ရဲ့ ကစားဟန်နဲ့ ဖျော်ဖြေမှုပေးနိုင်တဲ့အပိုင်းတွေမှာ အားလျော့နေပြီး တိုက်စစ်ပိုင်းကတော့ ဝေဖန်စရာတွေရှိနေရင်းနဲ့ (၈) ဂိုးတောင် သွင်းထားတာကို တွေ့ရတယ်။ အထူးသဖြင့် ရိုမေးနီးယားနဲ့ ကစားခဲ့တဲ့ ပွဲမှာ နယ်သာလန်ရဲ့ ရှေ့၊ လယ်၊ နောက် နေရာစုံက အလုပ်ဖြစ်ခဲ့ပြီး ပုံစံကောင်းပြခဲ့တယ်။ မွန်တဲလားရဲ့ တူရကီအသင်းကတော့ ပေါ်တူဂီကိုမထင်မှတ်ပဲ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲကလွဲပြီး ဂျော်ဂျီယာ၊ ချက်၊ သြစတြီးယားတို့ကို အနိုင်ကစားနိုင်ခဲ့တာကို တွေ့ရတယ်။ ဒီခြေစွမ်းအတိုင်းဆိုရင် နယ်သာလန်ကိုလည်း ဒုက္ခပေးနိုင်မှာ သေချာတယ်။ ဒါပေမဲ့ တူရကီရဲ့ ခံစစ်က ကစားခဲ့တဲ့ (၄) ပွဲစလုံး ဂိုးပေးထားရတာကို ကြည့်ရင် စိုးရိမ်စရာတော့ကောင်းနေတယ်။ ပွဲက အကြိတ်အနယ်ရှိပြီး ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ ဒါပေမဲ့ နယ်သာလန်ပဲ နိုင်သွားလိမ့်မယ်။ 

Most Read

Most Recent