ဝုလ်ဗ်အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး ကူညာကို ခေါ်ယူရန် မန်ယူအသင်း ပစ်မှတ်ထား

ဝုလ်ဗ်အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး ကူညာကို ခေါ်ယူရန် မန်ယူအသင်း ပစ်မှတ်ထား
Photo: GiveMeSport
Photo: GiveMeSport
Published 8 June 2024

 

မန်ယူအသင်းသည် ဝုလ်ဗ်တိုက်စစ်မှူး ကူညာအား ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

ဘရာဇီးလ်တိုက်စစ်မှူး ကန်ညာ(၂၅ နှစ်) သည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် (၃၂) ပွဲတွင် (၁၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့သူဖြစ်သည်။ 

မန်ယူအသင်းသည် အသင်းနှင့်လမ်းခွဲခဲ့သည့် ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်၏နေရာတွင် အစားထိုးရန် ကူညာကိုပစ်မှတ်ထားနေခြင်းလည်း ဖြစ်သည်။ 

ကူညာက ဝုလ်ဗ်အသင်းတွင် ပျော်ရွှင်နေသော်လည်း အနာဂတ်ကို မသိနိုင်ကြောင်း ပြောကြားထားသည်။ 

မန်ယူအသင်း အနေဖြင့် ကူညာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀)ခန့် ပေးရဖွယ်ရှိကြောင်း သိရှိရသည်။ 

Most Read

Most Recent