ကိုပါအမေရိကပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် အာဂျင်တိုင်းသားအသစ်

ကိုပါအမေရိကပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် အာဂျင်တိုင်းသားအသစ်
Photos: Getty Images
Photos: Getty Images
Published 19 June 2024
Zay Yar Htun

အာဂျင်တီးနားအသင်းအတွက် ပထမဆုံးရွေးချယ်ခံခဲ့ရတဲ့ ဆယ်ကျော်သက်ကြယ်ပွင့်ကစားသမား ကာဘိုနီအကြောင်းဖြစ်ပြီး သူကိုယ်တိုင်ကလည်း လက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့လို့ ရင်ခုန်စိတ်လှုပ်ရှားမိကြောင်း ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနားစူပါစတား မက်ဆီကိုယ်တိုင်ကလည်း ကာဘိုနီကို အခုလို ချီးကျူးခဲ့ပါသေးတယ်။ "ဗယ်လန်တင်(ကာဘိုနီ)ဟာ ကြီးမားတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားသူပါ။ လက်ရှိအချိန်နဲ့ အနာဂတ်မှာ သူ့အတွက် အခွင့်အရေးကောင်း တွေရှိလာပါလိမ့်မယ်။ အာဂျင်တီးနား ယူ-၂၀ အသင်းမှာ ကစားကတည်းက သူ့ကို တွေ့ဖူးပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ တော်တော်လေးကို တိုးတက်လာခဲ့တယ်။ ဗယ်လန်တင်က ကွာပြားခြားနားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ထူးခြားတဲ့ အရည်အသွေးရှိသူလည်း ဖြစ်ပါတယ်"လို့ ကာဘိုနီအပေါ် မက်ဆီကို ချီးကျူးခဲ့တာပါ။ ဂွါတီမာလာကို ဂိုးပြတ်အနိုင်ရတဲ့ပွဲအပြီးမှာ ဒီစကားကို မက်ဆီက ဆိုခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ ကာဘိုနီက အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တယ်။

 

Most Read

Most Recent