တတိယမြောက်ရင်သွေး မွေးဖွားသဖြင့် ဖိုဒန် အင်္ဂလန်သို့ ခေတ္တပြန်သွား

တတိယမြောက်ရင်သွေး မွေးဖွားသဖြင့် ဖိုဒန် အင်္ဂလန်သို့ ခေတ္တပြန်သွား
Photos: X
Photos: X
Published 27 June 2024

အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဖီးလ်ဖိုဒန်သည် ၎င်း၏ချစ်သူ တတိယမြောက် ရင်သွေးမွေးဖွားသဖြင့် အင်္ဂလန်သို့ ခေတ္တပြန်သွားခဲ့ကြောင်း သိရသည်။

အသက် ၂၄ နှစ်ရှိပြီဖြစ်သူ ဖိုဒန်နှင့် ၎င်း၏ချစ်သူ ရီဘက်ကာကွတ်ခ်သည် ငါးနှစ်အရွယ် သားတစ်ဦးနှင့် သုံးနှစ်အရွယ် သမီးတစ်ဦးပိုင်ဆိုင်ထားပြီး ယခုအခါ တတိယမြောက်ရင်သွေး ထပ်မံမွေးဖွားခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ကလည်း မန်စီးတီးအသင်းကစားသမားအနေ ဖြင့် မိသားစုအရေးကြောင့် ဂျာမနီနိုင်ငံမှ ဗြိတိန်ရှိ နေအိမ်သို့ပြန်သွားကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

ဖိုဒန်သည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ရုန်းကန်နေရသော်လည်း အုပ်စုပွဲစဉ်သုံးပွဲစလုံး ပွဲထွက်ကစားခွင့်ရထားပြီး ဆလိုဗက်ကီးယားအသင်းနှင့်ကစားမည့် ၁၆ သင်းအဆင့်ပွဲအမီ ပြန်ရောက်လာရန် မျှော်မှန်းထားသည်။

Most Read

Most Recent