လက်ချီ - အတ္တလန်တာ (မြန်မာစံတော်ချိန် မေလ ၁၈ ရက် ည ၁၀:၃၀ နာရီ)
အတ္တလန်တာက ဒီပွဲနိုင်တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာသလောက်ဖြစ်သွားပြီ။ စီးရီးအေနောက်ဆုံး (၄)ပွဲဆက် အနိုင်ရခဲ့ပြီး ယုံကြည်မှုအတော်လေးရှိနေတဲ့ ပုံစံကိုလည်း တွေ့ရတယ်။ လက်ချီက အထက်မရောက်၊ အောက်မရောက်အသင်းပါ။ အတ္တလန်တာပဲ ကြိုက်တယ်။
တိုရီနို - အေစီမီလန် (မြန်မာစံတော်ချိန် မေလ ၁၉ ရက် နံနက် ၁:၁၅ နာရီ)
အေစီမီလန်က နောက်ဆုံးပွဲမှာ ကာဂလီယာရီကို ဂိုးပြတ်ခြေပြတ်အနိုင်ယူပြီး ရလဒ်ဆိုးတွေကြားက ရုန်းထွက်ပြခဲ့တယ်။ ပူလီဆစ်၊ လီယာအိုတို့လို တောင်ပံတိုက်စစ်ကစားသမားတွေပုံ စံကောင်းပြခဲ့ကြတယ်။ ဒါပေမဲ့ အေစီမီလန်အသင်း အဆင့်(၂)နေရာအတွက် သေချာသွားတာကိုတော့ ထည့်တွက်ရမယ်။ တိုရီနိုကလည်း ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။ သရေကျဖို့များတဲ့ပွဲလို့ ထင်မိတယ်။















