သန်ခေါင်စာရင်း ကောက်ယူရာတွင် လိုအပ်ပါက စာရင်းကောက်မည့်ရက် တိုးမြှင့်ကောက်ယူနိုင်ရန်နှင့် လုံခြုံရေးအပြည့်အဝရယူ၍ ကောက်ယူနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရန် လဝကဝန်ကြီး ပြောကြား

သန်ခေါင်စာရင်း ကောက်ယူရာတွင် လိုအပ်ပါက စာရင်းကောက်မည့်ရက် တိုးမြှင့်ကောက်ယူနိုင်ရန်နှင့် လုံခြုံရေးအပြည့်အဝရယူ၍ ကောက်ယူနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရန် လဝကဝန်ကြီး ပြောကြား
Published 29 June 2024

 

သန်ခေါင်စာရင်းကောက်ယူရာတွင် လိုအပ်ပါက စာရင်းကောက်မည့်ရက် တိုးမြှင့် ကောက်ယူနိုင်ရန်နှင့် လုံခြုံရေးအပြည့်အဝ ရယူ၍ ကောက်ယူနိုင်ရေးအတွက် ကြိုတင် ဆောင်ရွက်ထားရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

ဇွန် ၂၈ ရက်က နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟို ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁^ ၂၀၂၄) တွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ထိုသို့ ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လာမည့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက် သွားမည်ဖြစ်ရာ မြေပြင်ကွင်းဆင်း စာရင်း ကောက် ယူရန် ကျန်ရှိသည့်  စာရင်းများကိုလည်း ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ် ပါက စာရင်းကောက်ရမည့်ရက် တိုးမြှင့်ကောက် ယူနိုင်ရေးနှင့် လုံခြုံရေး အပြည့်အဝရယူ၍ ကောက်ယူဆောင်ရွက်နိုင်ရေးတို့အတွက် ကြို တင်စီစဉ် ဆောင်ရွက်ထားကြရမည်ဖြစ် ကြောင်း ပြောကြားသည်။ 

မိမိတို့ဗဟိုကော်မတီအနေဖြင့် မြေပြင် ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အ လက်များမှ သတ်မှတ်ကာလ အပိုင်းအခြားတွင် အသက် ၁၈ နှစ်နှင့်အထက် အတည်ပြုလူဦးရေ စာရင်းကိုလည်း ပြည်လုံးကျွတ်သန်းခေါင် စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းနှင့် ပြိုင်တူတင်ပြ၍နှိုင်းယှဉ်သုံးသပ်ပြီး တိကျမှန်ကန်သည့် မဲစာရင်းကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့် ကြိုင်က ပြောကြားသညည်။

ထို့ပြင် မိမိတို့ဌာနအနေဖြင့်လည်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှု ဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်လည်း ဥပဒေနှင့် အညီ ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ထုတ် ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေး အတွက်လည်း ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြ စေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခုအစည်းအဝေးတွင် ယခင်ကျင်းပခဲ့ သည့် အစည်းအဝေး၏ ဆုံးဖြတ်ချက်များ အ ကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိ အခြေအနေတွင် မဲစာရင်းမှန်ကန်ရေးအတွက် အတည်ပြုလူဦးရေစာရင်းများ သတ်မှတ်ကာလ အတွင်း စိစစ်ပြုစုပေးပို့နိုင်ရေး အခြေအနေများ နှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေး နွေးတင်ပြကြရန် ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။

ထို့နောက် ကြီးကြပ်မှုဗဟို ကော်မတီဝင် များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ယခင် အ စည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှုနှင့် အတည်ပြုလူဦးရေစာရင်းများ အချိန်မီပေးပို့နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက် လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ် ငန်းများ အချိန်မီ ပြီးစီးရေးအတွက် ဌာနအ လိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေး တင်ပြကြသည်။

အဆိုပါအစည်းအဝေးသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟို ကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦး သန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ပညာရေးဝန် ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဒုတိယဝန် ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း တို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိ သူများ တက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော် မတီဝင်  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent