သုံးနှစ်ကျော်အတွင်း ရထားလမ်းနှင့် ရထားဘူတာ ဗုံးထောင်မိုင်းခွဲခံရမှု ၂၀၅ ကြိမ်၊ ရထားတံတား/သံလမ်းများ မိုင်းခွဲခံရမှု ၁၆၃ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ် မီးရှို့ခံရမှု ၄၂ ကြိမ်ရှိကြောင်း မြန်မာ့မီးရထား ထုတ်ပြန်

သုံးနှစ်ကျော်အတွင်း ရထားလမ်းနှင့် ရထားဘူတာ ဗုံးထောင်မိုင်းခွဲခံရမှု ၂၀၅ ကြိမ်၊ ရထားတံတား/သံလမ်းများ မိုင်းခွဲခံရမှု ၁၆၃ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ် မီးရှို့ခံရမှု ၄၂ ကြိမ်ရှိကြောင်း မြန်မာ့မီးရထား ထုတ်ပြန်
Published 22 May 2024

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် မေ ၂၁ ရက်အထိ သုံးနှစ်ကျော် အတွင်း ရထားလမ်းနှင့် ရထားဘူတာ ဗုံး ထောင်မိုင်းခွဲခံရမှု ၂၀၅ ကြိမ်၊ ရထားတံ တား/သံလမ်းများ မိုင်းခွဲခံရမှု ၁၆၃ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ် မီးရှို့ခံရမှု ၄၂ ကြိမ်ရှိကြောင်း မြန်မာ့မီးရထား က သတင်းထုတ်ပြန်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများ ပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင် မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအ တွက် ရထားလမ်းနှင့် အခြေခံအဆောက်အ အုံများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထား ရှိ၍ အစဉ်တစိုက် အလေးထား စီမံဆောင် ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများက နိုင်ငံတော်ပိုင် ရထား စက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံ တားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီး သွားပြည်သူများအနေဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရန် ရည်ရွယ်ပြီး အကြိမ် ကြိမ် ကျူးလွန်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေ ၂၀ ရက်ကလည်း ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်း၊ သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား၊ မိုင်တိုင်အမှတ်၊ ၁၂၄/ ၁၄-၁၃ ရှိ တံတားအမှတ်-၇၈ ပေ ၆၀ အောက် ခံသံဘောင်တံတားအား အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း မြန်မာ့မီးရထားက သတင်းထုတ်ပြန်သည်။

အခင်းဖြစ်ပွားရာနေရာသို့ နယ်မြေဒေ သတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ် ဖွဲ့ဝင်များက မေ ၂၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာပြီး နယ်မြေရှင်းလင်း စစ်ဆေးခဲ့ရာ တံတားမရောက်မီ ရန်ကုန် ဘက်ခြမ်း ပေ ၁၀၀၀ အကွာ ကားလမ်းကူး နေရာတွင် ပလတ်စတစ်အိတ်အမည်းရောင် ဖြင့် ထုတ်ထားပြီး ၀ါယာကြိုးသွယ်တန်းထား သည့် ရှေ့ထွက်ကြီးကြပ်မိုင်း တစ်လုံးအား တွေ့ရှိရ၍ သက်မဲ့ပြုလုပ် ဖယ်ရှားရှင်းလင်း နိုင်ခဲ့ကြောင်း၊ တံတားပေါ်တွင် လေးနေရာ၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားထားကြောင်း၊ တစ်နေ ရာစီတွင် သံလမ်းဘယ်/ညာ တစ်ပေခန့်စီ ပြတ်တောက်ပျက်စီးနေကြောင်း၊ မေ ၂၁ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် သိမ်ဆိပ်-ဒုံဝန်း ရထားလမ်းပိုင်းအား ခေတ္တပိတ်၍ လမ်းပိုင်း အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာ့မီး ရထား တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက် ခဲ့ရာ နံနက် ၁၀ နာရီ ၁၄ မိနစ်တွင် လမ်းပိုင်း အား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း မြန်မာ့ မီးရထားက သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် မေ ၂၁ ရက် နံနက် ၆ နာရီ မိနစ် ၃၀ တွင် ရန်ကုန်ဘူတာ ကြီးမှ စတင်ထွက်ခွာမည့် အမှတ် (၈၁) အ ဆန် ရန်ကုန်-မော်လမြိုင် လူစီးရထားအား နံနက် ၈ နာရီအချိန်မှ စတင်စေလွှတ်နိုင်ခဲ့ သဖြင့် ပုံမှန်ထွက်ခွာချိန်ထက် ၁ နာရီ ၃၀ မိနစ် ကြန့်ကြာစေခဲ့ကြောင်း၊ အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် လူစီးရထားသည် မော်လမြိုင်ဘူတာမှ အချိန်မှန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ထွက်ခွာနိုင်ခဲ့ကြောင်းနှင့် သထုံ ဘူတာမှ ထွက်ခွာရန် အသင့်ရှိနေသော အ မှတ် (၆၈၆) အစုန်ကုန်ရထားအား ခေတ္တ စောင့်ဆိုင်းစေခဲ့ရပြီး လမ်းပိုင်းပြန်လည်ဖွင့် လှစ်သည့်အချိန်မှသာ စေလွှတ်နိုင်ခဲ့ကြောင်း မြန်မာ့မီးရထားက သတင်းထုတ်ပြန်သည်။

Most Read

Most Recent