မော်လမြိုင်မြို့ စျေးကြိုရပ်ကွက် စမ်းကြီးရပ်ရှိ မော်လမြိုင်လူငယ်သင်တန်းကျောင်းတွင် ဆရာမတစ်ဦး အသတ်ခံရပြီး ကျောင်းသားတစ်ဦး ထွက်ပြေးနေကြောင်းသိရ

မော်လမြိုင်မြို့ စျေးကြိုရပ်ကွက် စမ်းကြီးရပ်ရှိ မော်လမြိုင်လူငယ်သင်တန်းကျောင်းတွင် ဆရာမတစ်ဦး အသတ်ခံရပြီး ကျောင်းသားတစ်ဦး ထွက်ပြေးနေကြောင်းသိရ
Published 27 April 2024

မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ စမ်းကြီးရပ်ရှိ မော်လမြိုင်လူငယ်သင်တန်းကျောင်း တွင် ဧပြီ ၂၆ ရက် နံနက်ပိုင်းက ဆရာမတစ်ဦး အသတ်ခံရပြီး ကျောင်းသားတစ်ဦး ထွက်ပြေးနေကြောင်း အဆိုပါ သင်တန်း ကျောင်းနှင့် နီးစပ်သူများထံမှ သိရသည်။

အသတ်ခံခဲ့ရသူမှာ မော်လမြိုင် လူငယ် သင်တန်းကျောင်းရှိ စာကြည့်တိုက်တွင် နေ ထိုင်သည့် အသက် (၅၃) နှစ်အရွယ် ဒေါ်စန္ဒာ ဝင်း ဆိုသူဖြစ်ကြောင်း၊ ဧပြီ ၂၆ ရက် နံနက် ၆ နာရီ ၅၀ မိနစ် ခန့်က ၎င်းအား လည်ပင်းတွင် အရိုးအသွား ရှစ်လက်မခန့် ရှိ အနီရောင်ကော်ရိုးတပ်ဆင်ထားသော ကတ်ကြေးစိုက်လျက် အိပ်ရာပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရ ကြောင်း သင်တန်းကျောင်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သင်တန်း ကျောင်းကနေ ကျောင်းသားတစ်ယောက် ထွက်ပြေးနေတယ်လို့ သိရတယ်။ သက်ဆိုင် ရာကလည်း စုံစမ်းရှာဖွေမှုတွေလုပ်ဆောင် နေပါတယ်။ လက်ရှိမှာလည်း လူငယ်သင် တန်း ကျောင်းဝင်းထဲမှာ ရှိနေတဲ့လူတွေ အားလုံးကို စစ်ဆေးမှုတွေ လုပ်ဆောင်နေ ပါ တယ်” ဟု ပြောကြားသည်။

မော်လမြိုင်လူငယ်သင်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ဒေါ်စန္ဒာဝင်း အသတ်ခံရသည့်ဖြစ်စဉ် နှင့် ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် (ပ) ၅၅/ ၂၀၂၄၊ ရာဇသတ်ကြီး ပုဒ်မ - ၃၀၂ (အမှုကြီး အမှတ်စဉ် ၅/၂၀၂၄) အရ အမှုဖွင့်ထား ကြောင်းနှင့် ကျူးလွန်သူအား ဖမ်းဆီးရမိနိုင် ရေးအတွက် စစ်ဆေးမှုများလုပ်ဆောင်နေ ကြောင်း သတင်းရရှိသည်။

အဆိုပါ မော်လမြိုင်လူငယ်သင်တန်းကျောင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် ကျောင်းသားအရေအ တွက် ၁၅၀ ဦး ဝန်းကျင်ခန့်ရှိကြောင်း သိရ သည်။

 

 

---------

 

Most Read

Most Recent