အပူချိန်ပြင်းထန်မှုကြောင့် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦး သတိလစ်လဲကျသေဆုံး

အပူချိန်ပြင်းထန်မှုကြောင့် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦး သတိလစ်လဲကျသေဆုံး
Published 8 May 2024

 

 

အပူချိန်ပြင်းထန်မှုကြောင့် မော်လမြိုင် မြို့ မုပွန်ရပ်ကွက်တွင် သက်လတ်ပိုင်းအမျိုး သားတစ်ဦး သတိလစ်လဲကျကာ သေဆုံးမှုဖြစ် ပွားခဲ့ကြောင်း ရပ်ကွက်နေသူများ၏ ပြောကြား ချက်အရ သိရသည်။

မေ ၇ ရက် မွန်းလွဲ ၄ နာရီခွဲခန့်က မော် လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံလမ်းရှိ နေအိမ် ရှေ့တွင် အမျိုးသားတစ်ဦး သတိလစ်လဲကျနေ သည့်အတွက် အရေးပေါ်လူမှုကူညီကယ် ဆယ်ရေးအဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “သတိလစ်လဲကျ နေတဲ့ အမျိုးသားကို ဆရာဝန်နဲ့  စစ်ဆေးကြည့် တော့ အသက်သေဆုံးနေပြီဖြစ်တာကို သိရ တယ်” ဟု ပြောကြားသည်။

သေဆုံးသူ၏ အလောင်းအား အေးမြ ကြည်လင် လူမှုကူညီကယ်ဆယ်ရေးအသင်း က မော်လမြိုင် ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မေ ၄ ရက် မွန်းလွဲ ၂ နာရီခန့် ကလည်း သထုံမြို့ မြသပိတ်တောင်တက်လမ်း တွင် အသက် ၁၉ နှစ်အရွယ်လူငယ်တစ်ဦး မှာလည်း အပူချိန်မြင့်မားမှုကြောင့် ရေငတ် ကာ သတိလစ်မေ့မျောသွားရာမှ အသက်သေ ဆုံးသည်အထိဖြစ်ပွားခဲ့ကြောင်း လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

Most Read

Most Recent