ဘီးလင်းမြို့နယ် ပျဉ်သာကျေးရွာအနီး ဘီးလင်း-ဖာပွန် ကားလမ်းပေါ်ရှိ ကညင်ပင်ကွင်းတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

ဘီးလင်းမြို့နယ် ပျဉ်သာကျေးရွာအနီး ဘီးလင်း-ဖာပွန် ကားလမ်းပေါ်ရှိ ကညင်ပင်ကွင်းတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ
Published 7 May 2024

မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီး ကျေးရွာအုပ်စု ပျဉ်သာကျေးရွာအနီး ဘီးလင်း -ဖာပွန် ကားလမ်းပေါ်ရှိ ကညင်ပင်ကွင်းတံ တားမှာ မေ ၆ ရက် နံနက်ပိုင်းက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဘီးလင်း-ဖာပွန်ကားလမ်း မိုင်တိုင်အ မှတ် ၁၆/၂ နှင့် ၁၆/၃ ကြားရှိ တံတားအမှတ် ၃/၁၇၊ ကညင်ပင်ကွင်းတံတားမှာ မေ ၆ ရက် နံနက် ၆ နာရီဝန်းကျင်က လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့၏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး  “ကညင်ပင်ကွင်း တံတားက အရှည်က ပေ ၈၀ လောက်ရှိတယ်။ အကျယ်က ၂၄ ပေ၊ သံကူကွန်ကရစ်တံတား အမျိုးအစားတံတားပါ။ မိုင်းထောင်ဖောက် ခွဲခံလိုက်ရလို့ တံတားတစ်စင်းလုံးကျိုးသွား တယ်။ လောလောဆယ် ဆက်သွယ်ရေး ပြတ် တောက်နေတယ် ဟု ပြောကြားသည်။

အဆိုပါ ကညင်ပင်ကွင်းတံတားအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မိုင်း ထောက်ဖောက်ခွဲဖျက်ဆီးခဲ့သည်ကို မသိရ ကြောင်းလည်း ၎င်းင်းဒေသခံက ဆိုသည်။

ပြီးခဲ့သည့် မတ် ၆ ရက်ကလည်း ဘီးလင်း မြို့နယ်မှ ၁၈ မိုင်ခန့်အကွာ ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအုပ်စု ပျဉ်သာကျေးရွာအနီး ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ တံတားအ ရှည်ပေ ၁၂၀၊ အကျယ် ၂၄ ပေရှိ သံကူကွန်က ရစ်အမျိုးအစား တံတားအမှတ် (၆/၁၈) ပျဉ် သာတံတား မှာလည်း လက်နက်ကိုင်အဖွဲ့များ ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသေး ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် မေ ၄ ရက်ကလည်း သထုံမြို့နယ် တံတားဦးကျေးရွာအနီး ရန်ကုန် -မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၇/၀) နှင့် (၁၃၇/၁) ကြား တံတားအကျယ် ၁၅ ပေ ခန့်ရှိ တံတားမှာလည်း မိုင်းထောင်ဖောက်ခွဲခံ ခဲ့ရကြောင်းနှင့် မိုင်းပေါက်ကွဲမှုကြောင့် တံတား လက်ရန်း အနည်းငယ်နိမ့်ကျပျက်စီးခဲ့သည့် အပြင် သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသည့် ၁၀ ဘီးကုန်တင်ယာဉ် တစ်စီး၏ အရှေ့လေကာမှန်၊ အရှေ့မီးသီးများ နှင့် ကာဘာများ ပျက်စီးခဲ့ပြီး ယာဉ်မောင်းမှာ လည်း ဒဏ်ရာများရရှိခဲ့သည်။

Most Read

Most Recent