အင်းစိန်မြို့နယ်တွင် YBS ယာဉ်တစ်စီး အရှိန်လွန်ကာ အခြားယာဉ်များနှင့် လမ်းဘေးဆိုင်များအား တိုက်မိသဖြင့် ၁၅ ဦး ဒဏ်ရာရရှိ

အင်းစိန်မြို့နယ်တွင် YBS ယာဉ်တစ်စီး အရှိန်လွန်ကာ အခြားယာဉ်များနှင့် လမ်းဘေးဆိုင်များအား တိုက်မိသဖြင့် ၁၅ ဦး ဒဏ်ရာရရှိ
ဓာတ်ပုံ - အင်းစိန်မြို့နယ်ကြည်ခြေနီသူနာပြုတပ်ဖွဲ့
ဓာတ်ပုံ - အင်းစိန်မြို့နယ်ကြည်ခြေနီသူနာပြုတပ်ဖွဲ့
Published 10 April 2024

အင်းစိန်မြို့နယ်တွင် YBS ယာဉ်တစ်စီး အရှိန်လွန်ကာ အခြားယာဉ်များနှင့် လမ်းဘေးဆိုင်များအား တိုက်မိသဖြင့် ၁၅ ဦး ဒဏ်ရာရရှိမှု ဧပြီ ၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီ ၉ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ ပြည်တော်သာကားမှတ်တိုင်အနီးတွင် YBS 77 ယာဉ်တစ်စီးမှာ ဘရိတ်ပေါက်ပြီး YBS 145 နှင့် အခြားယာဉ်သုံးစီးအား တိုက်မိခဲ့ကြောင်း၊ ယင်းနောက် YBS 77 ယာဉ်မှာ လမ်းဘေးရှိ ဆိုင်များအား တိုက်မိခဲ့ကြောင်းသိရသည်။

“YBS 77 ယာဉ်က ရပ်ထားတဲ့ YBS ယာဉ်တစ်စီးနဲ့ အခြားကားတွေကိုတိုက်တယ်။ပြီတော့ လမ်းဘေးက ဆိုင်တွေကို ဝင်တိုက်တယ်။ဘရိတ်ပေါက်ပြီး ဝင်တိုက်တာလို့ သိရပါတယ်။လူနာ ၁၅ ဦးထွက်ပါတယ်။မစိုးရိမ်ရလူနာပါ”ဟု အင်းစိန်မြို့နယ်ကြည်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား အင်းစိန်မြို့နယ်ကြည်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မိတ်ဖက်ပရဟိတအသင်းအဖွဲ့များနှင့်အတူ လူနာတင်ယာဉ်ပေါ်တွင် စနစ်တကျရှေးဦးပြုစုပေးခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent