ဧပြီလ တစ်လတည်းမှာပင် မြန်မာနိုင်ငံရှိ မြို့ ခုနစ်မြို့တွင် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အပူစံချိန်သစ်များတင်

ဧပြီလ တစ်လတည်းမှာပင် မြန်မာနိုင်ငံရှိ မြို့ ခုနစ်မြို့တွင် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အပူစံချိန်သစ်များတင်
Published 29 April 2024

ဧပြီလ တစ်လတည်းမှာပင် မြန်မာနိုင်ငံရှိ မြို့ ခုနစ်မြို့တွင် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အပူစံချိန်သစ်များတင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီး ချောက်မြို့နှင့် ညောင်ဦးမြို့မှာ ယခုလပိုင်းတွင်းမှာပင် အပူစံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်ကို မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။ချောက်မြို့နှင့် ညောင်ဦးမြို့တို့မှာ ဧပြီ ၆ ရက် အပူစံချိန်သစ်တင်ခဲ့ရာမှ ဧပြီ ၂၈ ရက် တွင် အပူချိန်စံချိန်သစ် ထပ်တင်ခဲ့ခြင်းဖြစ်သည်။

ချောက်မြို့မှာ မိုးဇလစခန်းဖွင့်လှစ်သည့် နှစ်ပေါင်း ၅၇ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ကာ ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့ပြီး စံချိန်ဟောင်းမှာ ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ် ဖြစ်သည်။ညောင်ဦးမြို့မှာ  မိုးဇလစခန်းဖွင့်လှစ်သည့် နှစ်ပေါင်း ၅၉ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ကာ ၄၆ဒီဂရီဆဲလ်စီးယပ်ရှိခဲ့ပြီး စံချိန်ဟောင်းမှာ ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် ဖြစ်သည်။ အလားတူ အပူစံချိန်သစ်တင်ခဲ့သည့် အခြားမြို့များမှာ စစ်ကိုင်း၊ မန္တလေး၊ တံတားဦး၊ တောင်တွင်းကြီး၊ ဇောင်းတူမြို့များဖြစ် သည်။

    

စစ်ကိုင်းမြို့မှာ မိုးဇလစခန်းဖွင့်လှစ်သည့် နှစ်ပေါင်း ၅၉ နှစ်အတွင်း လည်းကောင်း၊ မန္တ လေးမြို့မှာ မိုးဇလစခန်းဖွင့်လှစ်သည့် နှစ် ပေါင်း ၇၇ နှစ်အတွင်းလည်းကောင်း၊ ဇောင်း တူမြို့မှာ မိုးဇလစခန်းဖွင့်လှစ်သည့် နှစ်ပေါင်း ၃၇ နှစ်အတွင်းလည်းကောင်း၊ တောင်တွင်း ကြီးမြို့မှာ မိုးဇလစခန်းဖွင့်လှစ်သည့် နှစ်ပေါင်း ၂၆ နှစ်အတွင်းလည်းကောင်း၊ တံတားဦးမြို့မှာ မိုးဇလစခန်းဖွင့်လှစ်သည့် နှစ်ပေါင်း ၃၀ အ တွင်းလည်းကောင်း စံချိန်သစ်များတင်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းမြို့၏ အပူချိန်စံချိန်သစ်မှာ ၄၅ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦးမြို့၏ အပူချိန်စံချိန်သစ်မှာ  ၄၅ ဒသမ ၅ ဒီဂရီဆဲလ် စီးယပ်၊ တောင်တွင်းကြီးမြို့၏ အပူချိန်စံချိန် သစ်မှာ  ၄၅ ဒီဂရီဆဲလ်စီးယပ်၊ မန္တလေးမြို့၏ အပူချိန်စံချိန်သစ်မှာ ၄၄ ဒသမ  ၈ ဒီဂရီဆဲလ် စီးယပ်၊ ဇောင်းတူမြို့၏ အပူချိန်စံချိန်သစ်မှာ  ၄၃ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအ ရ ဧပြီလ တတိယပတ်အတွင်း မြန်မာနိုင်ငံအ လယ်ပိုင်းဒေသများတွင် ဧပြီလ ပျမ်းမျှအပူ ချိန်၏ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက် နေ့အပူချိန်ပိုနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူ ချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး ကချင်၊ ချင်း၊ ရခိုင်နှင့် ကရင်ပြည် နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ခဲ့သည်။

အပူချိန်များမြင့်တက်မှုကြောင့် မြန်မာ နိုင်ငံရှိ ဒေသအချို့နှင့် မြို့အချို့တွင် အသက် အရွယ်ကြီးရင့်သူများနှင့် လူလတ်ပိုင်းအချို့ မှာ မူးလဲခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်းများကို ခံစားခဲ့ရပြီး အချို့မှာ သေဆုံးသည်အထိဖြစ်ပွားခဲ့သည်။

မန္တလေးမြို့တွင် အပူချိန်မြင့်တက်မှုကြောင့် တစ်ရက်လျှင် အနည်းဆုံးနှစ်ဦးကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေရသည်ဟု မန္တလေးအခြေစိုက်ပရဟိတအသင်းများထံမှ သိရသည်။

Most Read

Most Recent