နစကနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်ပေးရန် အသင့်ရှိနေဟု ထိုင်းဝန်ကြီးချုပ်၏ အထွေထွေအတွင်းရေးမှူး ပြောကြား

နစကနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်ပေးရန် အသင့်ရှိနေဟု ထိုင်းဝန်ကြီးချုပ်၏ အထွေထွေအတွင်းရေးမှူး ပြောကြား
Published 24 April 2024

 

လွန်ခဲ့သော ရက်ပိုင်းက ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်ရှိ မဲဆောက်နှင့် မျက်နှာချင်း ဆိုင် မြဝတီမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန် နေချိန်၌ ထိုင်းက နစကနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်း ရေးဆွေးနွေးပွဲများကို ကြားဝင်ဆောင်ရွက် ပေးရန် အသင့်ရှိနေသည်ဟု ထိုင်းဝန်ကြီး ချုပ်၏ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပေးနေသော ဒေါက်တာ ပရွန်မင် လာ့ဆူရစ်က ပြောကြားခဲ့သည်။

“မြန်မာပဋိပက္ခနဲ့ပတ်သက်လို့ ထိုင်းအ စိုးရရဲ့သဘောထားကတော့ ငြိမ်းချမ်းတဲ့ဖြေ ရှင်းနည်းကို အားပေးဖို့နဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ဖြစ်ပါတယ်” ဟု ဧပြီ ၂၂ ရက်တွင် ၎င်းင်းက ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံရဲ့အခန်းကဏ္ဍကတော့ အိမ် နီးချင်းမြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခကို ကူ ညီဖြေရှင်းပေးနိုင်တာ အားလုံးကို လုပ်ဆောင် ပေးဖို့ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း ကလည်း ထိုင်းကို အဲဒီလို အခန်းကဏ္ဍကနေ ဆောင်ရွက်ပေးဖို့ မျှော်လင့်ထားတာဖြစ်ပါ တယ်” ဟု ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီ ဆင်အနေဖြင့် စေ့စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်နိုင်ခြေကို မေးမြန်းရာတွင် ဒေါက် တာ ပရွန်မင်လာ့ဆူရစ် ဖြေကြားခဲ့သည်။

စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရာ တွင် ၎င်းတို့ ပါဝင်လိမ့်မည်ဆိုသည်ကို နစက သို့မဟုတ် တိုင်းရင်းသား လူနည်းစု လက်နက် ကိုင်များက ပြောကြားထားပါသလားဟု မေး မြန်းသည့်အခါ ၎င်းင်းက “တိုက်ရိုက်တောင်းဆို တာမျိုးမရှိပါဘူး။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနကတော့ ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်း အောင်မြင်အောင် လုပ်ဆောင်ပေးဖို့ မျှော် လင့်ထားပါတယ်” ဟု ဖြေကြားခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်အခြေအနေနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန် ပီးဘာဟစ်ဒါနူးကာရာ ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်သော အစိုးရကော်မတီတစ်ရပ်ကို ဖွဲ့ စည်းခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးသည် ဝန်ကြီးချုပ်ကိုယ်စား နယ်စပ်အခြေအနေကို သွားရောက်စစ်ဆေးမည်ဟု ၎င်းင်းက ပြော ကြားခဲ့သည်။

အဆိုပါကော်မတီတွင် အဖွဲ့ဝင်များအ ဖြစ် အကြီးတန်း အစိုးရတာဝန်ရှိသူများ၊ ကာ ကွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်း ဝန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာနတို့ ပါဝင်သည်ဟု သိရသည်။

ထိုင်းအစိုးရသည် မြန်မာနိုင်ငံမှ တိုက် ပွဲရှောင်များ ထွက်ပြေးလာမည့်ကိစ္စအတွက် ပြင်ဆင်ထားသည်ဟု ၎င်းင်းက ပြောကြားခဲ့ သည်။ သို့ရာတွင် ပဋိပက္ခ၏ကူးစက်လာမည် ကို ထိုင်းအစိုးရက လက်မခံဟု ပြောကြားထား သည့်စကားကို ဒေါက်တာ ပရွန်မင်လာ့ဆူရစ် က ထပ်လောင်းပြောကြားခဲ့သည်။

မဲဆောက်ကို ရောက်လာသော မြန်မာ ဒုက္ခသည် အရေအတွက်သည် ၃၀၀၀ ခန့်အ ထိရှိလာသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပီးဘာဟစ်ဒါနူကာရာက ဧပြီ ၂၁ ရက် တွင်ပြောကြားထားသည်။ ၎င်းင်းတို့သည် ပြ်ထဲရေးဝန်ကြီဌာန၏ကြီးကြပ်မှုဖြင့် နေထိုင်နေကြသည်ဟု ဆိုသည်။

          ယခင်က မဲဆောက်သည် မြန်မာဒုက္ခ သည် ၁၀၀၀၀၀ ခန့်ကို လက်ခံခဲ့သည်ဟု ၎င်းင်း က ပြောကြားသည်။ အခြေအနေသည် ပုံမှန် အနေအထားသို့ပြန်ရောက်သွားပြီးနောက် ၎င်းင်းတို့သည် မြန်မာနိုင်ငံကို ပြန်သွားကြသည် ဟု ဆိုသည်။

မြန်မာဒုက္ခသည်များ၏ ၄၀ ရာခိုင်နှုန်း ခန့်သည် အမျိုးသမီးများ၊ အသက်ကြီးပိုင်းများ၊ ကလေးများဖြစ်သည်ဟု လုံခြုံရေးသတင်းအ ရင်းအမြစ်များက ပြောကြားသည်။ ဒုက္ခသည် အများစုသည် အပူဒဏ်ကြောင့် မောပန်းနေ သည်ဟုဆိုသည်။

လုံခြုံရေးအာဏာပိုင်များက ဒုက္ခသည် များအတွက် မဲ‌ဆောက်တွင် ယာယီခိုလှုံရေးစခန်း‌‌ခြောက်ခုဖွင့်ပေးထားပြီး ဒဏ်ရာရလာ သူများကို မဲဆောက်ဆေးရုံသို့ ပို့ပေးခဲ့သည် ဟု သိရသည်။

နယ်စပ်ကုန်သွယ်ရေးအပါအဝင် အ ဖြစ်အပျက်များကို စောင့်ကြည့်ရန် မဲဆောက် ကို သွားလိ့မ်မည်ဟု ထိုင်းဝန်ကြီးချုပ်ဆရတ်သာထားဝီဆင်းက ဧပြီ ၁၆ ရက် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် င်္ခေနဘသသု ၌ ရေး သားခဲ့ပြီး ဒေသခံပြည်သူများနှင့် လုံခြုံရေး တာဝန်ရှိသူများကို စိတ်ဓာတ်ရေးရာ အားပေး မည်ဟု ဖော်ပြခဲ့သည်။

တိုက်ပွဲများက ထိုင်းမြေ ထိခိုက်မည်ကို မလိုလားဟု ၎င်းင်းက ဖော်ပြခဲ့သည်။ မြဝတီ၌ လုပ်ကိုင်နေသော ရိုက်စားလူလိမ်များ မဲ ဆောက်ကို ထွက်ပြေးလာနိုင်သဖြင့် တာဝန် ရှိသူများက ၎င်းင်းတို့ကို စောင့်ကြည့်ရမည်ဟု ထိုင်းဝန်ကြီးချုပ်က ရေးသားခဲ့သည်။

Ref: Bangkok Post

Most Read

Most Recent