အချိန်ပိုင်းဖြင့် လျှပ်စစ်မီး ပေးနေသည့် ရန်ကုန်တိုင်းအတွင်း မီးလာချိန်တွင်လည်း လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေ

အချိန်ပိုင်းဖြင့် လျှပ်စစ်မီး ပေးနေသည့် ရန်ကုန်တိုင်းအတွင်း မီးလာချိန်တွင်လည်း လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေ
Published 30 March 2024

အချိန်ပိုင်းဖြင့် လျှပ်စစ်မီးပေးနေသည့် ရန်ကုန်တိုင်းအတွင်း မီးလာချိန်တွင်လည်း လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားနေသည်ဟု ရန်ကုန်မြို့တွင်နေထိုင်သူ များထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုပြီးချိန်တွင် လျှပ်စစ်မီးကို ယခင်အတိုင်းအလှည့်ကျ စနစ်ဖြင့် ပေးနေခြင်းဖြစ်ပြီး လျှပ်စစ်မီးရရှိရ မည့်အချိန်တွင်လည်း မီးပြတ်တောက်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

မီးက လာရမယ့်အချိန်လည်း မလာတော့ဘူး။ မီးလာမည့်အချိန်ကို နာရီဝက်လောက်တော့ အလာပြတယ်။ ပြီးတာနဲ့ ပြတ်တာပဲ။ မီးပြတ်ရမယ့်အချိန်ဆိုရင်တော့ ပြောမနေနဲ့တော့  ဟု ရန်ကုန်တိုင်း မြောက်ဒဂုံမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ မတ် ၃၀ ရက် နံနက် ၉ နာရီခွဲခန့်တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အား ပြတ်တောက် နေကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး  အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အလားတူ မတ် ၂၇ ရက်ကလည်း ယင်းသို့ ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။

လျှပ်စစ်မီးပြတ်တောက်မှုများ ဆက် တိုက်ဖြစ်ပွားနေသဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများအတွက် အခက်အခဲများကြုံတွေ့ နေရသည်ဟု အသေးစားစီးပွားရေးလုပ်ငန်း ရှင်များ၏ ပြောကြားချက်အရ သိရသည်။

မီးမလာတော့ ဒီဇယ်မောင်းပြီး မုန့်ဖုတ်ရတယ်။ အခု ဒီဇယ်စျေးကတက်နေတော့ လုပ်ငန်းက ရပ်ရမလိုဖြစ်နေတယ်။ လုပ်ရင်း ရှုံးနေတာပေါ့ဗျာ  ဟု အသေးစားမုန့်ုဖုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

အလားတူ ကွန်ပြူတာအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကလည်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် လုပ်ငန်းများ ထိခိုက်နစ်နာမှုများရှိနေ သည်ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် မီးကို လေးနာရီအလှည့်ကျစနစ်ဖြင့် ပေးဝေ နေခြင်းဖြစ်ပြီး တစ်ရက်လျှင် ပျမ်းမျှ ၈ နာရီခန့် သာရရှိနေပြီး မီးလာရမည့်အချိန်တွင် လျှပ်စစ် မီးပြတ်တောက်မှုကြောင့် အပြည့်အဝရရှိခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများထံမှ သိရသည်။

Most Read

Most Recent