မုဒုံမြို့မ (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေး ခြံစည်းရိုးတွင် အချိန်ကိုက်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိ

မုဒုံမြို့မ (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေး ခြံစည်းရိုးတွင် အချိန်ကိုက်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိ
Published 4 April 2024

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေးခြံစည်းရိုးတွင် ဧပြီ ၄ ရက် နံနက်ပိုင်းအချိန်က အချိန်ကိုက်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ဧပြီလ ၄ ရက် နံနက် ၈ နာရီအချိန်ခန့်က အဆိုပါ မြို့မ (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘက်မှ ပေါက်ကွဲသံကြားလိုက်ရကြောင်း မုဒုံမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းင်းကဆက်လက်ပြီး ]]လူထိခိုက်မှုမရှိ ပေမယ့် အုပ်ချုပ်ရေးမှူးရုံးအဆောက်အအုံ မျက်နှာကျက်တွေနဲ့ ပြတင်းပေါက်တွေ ထိ ခိုက်ပျက်စီးနေတာမျိုးတွေ့ရတယ်}} ဟု ပြော ကြားသည်။

ထို မုဒုံမြို့မ (၃) ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး တွင် အချိန်ကိုက်မိုင်းပေါက်ကွဲမှုဖြစ် ပွားခဲ့ပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးရှာဖွေခြင်းများ လုပ် ဆောင်ခဲ့ကြောင်းလည်း ၎င်းင်းမြို့ခံက ဆိုသည်။

ထို့အပြင် မုဒုံမြို့အဝင်အထွက်နေရာ များရှိ စစ်ဆေးရေးဂိတ်များတွင်လည်း စစ် ဆေးမှုများ ပိုမိုလုပ်ဆောင်ကာ လုံခြုံရေး တင်းကြပ်ထားကြောင်းလည်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

မုဒုံမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအပြင် မုဒုံမြို့မရဲစခန်းမှာလည်း မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်ကလည်း မုဒုံမြို့မရဲစခန်း အနီးတွင် အသေခံဒရုန်းယာဉ်တစ်စီး ပေါက်ကွဲပျက်ကျ မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Most Read

Most Recent