မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး ရိုက်ကူးခဲ့သည့်  ‘စောင့်ပက်’ နှင့် ‘စကားလေးတစ်ခွန်းပဲဖြေ ချစ်လား’  တေးသီချင်းဗီဒီယိုတို့မှ သက်ဆိုင်သူများကို ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်

မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး ရိုက်ကူးခဲ့သည့်  ‘စောင့်ပက်’ နှင့် ‘စကားလေးတစ်ခွန်းပဲဖြေ ချစ်လား’  တေးသီချင်းဗီဒီယိုတို့မှ သက်ဆိုင်သူများကို ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်
Published 28 April 2024

မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီး ရိုက် ကူးခဲ့သည့်  ‘စောင့်ပက်’နှင့် ‘စကားလေးတစ် ခွန်းပဲဖြေချစ်လား’ တေးသီချင်းဗီဒီယိုတို့မှ သက်ဆိုင်သူများကို ဗဟန်းမြို့မရဲခစန်းတွင် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က) ဖြင့် အမှု ဖွင့်ထားကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာ့ ရိုးရာယဉ်ကျေးမှုအထိမ်းအမှတ်ဖြစ်သည့် သင်္ကြန်သီချင်းကို ရုန့်ရင်းကြမ်းတမ်းသော သီချင်းစာသား ဖန်တီးမှုများဖြင့်လည်းကောင်း၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့သော ဝတ်စားဆင် ယင်မှုများဖြင့်လည်းကောင်း အရှက်သိက္ခာ ကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် ‘စောင့် ပက်’ တေးသီချင်းဗီဒီယိုနှင့် ‘စကားလေး တစ် ခွန်းပဲဖြေချစ်လား’ တေးသီချင်းဗီဒီယိုတို့ နှင့် သက်ဆိုင်သူများအားလုံးကို ရန်ကုန်မြို့ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက် သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း ဧပြီ ၂၈ ရက်က ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အချို့တေးသီချင်းဗီဒီယို ရိုက်ကူးထုတ် လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေ ရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့် ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ နားထောင်ကြည့်ရှုရန်ပင် မသင့် လျော်သော၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက်စာ မျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည် ကို တွေ့ရှိပါသဖြင့် လူမှုကွန်ရက်စာမျက်နှာ များအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့် ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည် ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားပြီးဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင် နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြ သရေးနှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင် ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ရုပ်ရှင်နှင့် ဗီဒီယိုကားများ၊ တေးသီချင်း ဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိသြတ္တပ္ပ တရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူး ထုတ်လွှင့်မှုများ မပြုကြရန်နှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent