မန္တလေးတွင် အပူချိန်မြင့်တက်သဖြင့် လူသေဆုံးမှုများ ရှိလာခဲ့ပြီး  Heat Stroke လူနာများမှာ ပုံမှန်လူနာများထက် ပိုများလာသည်ဟု မန္တလေးမြို့ခံ ပရဟိတအသင်းအချို့ ပြောကြား

မန္တလေးတွင် အပူချိန်မြင့်တက်သဖြင့် လူသေဆုံးမှုများ ရှိလာခဲ့ပြီး  Heat Stroke လူနာများမှာ ပုံမှန်လူနာများထက် ပိုများလာသည်ဟု မန္တလေးမြို့ခံ ပရဟိတအသင်းအချို့ ပြောကြား
Published 27 April 2024

မန္တလေးတွင် အပူချိန်မြင့်တက်သဖြင့် လူသေဆုံးမှုများ ရှိလာခဲ့ပြီး Heat Stroke လူနာများမှာ ပုံမှန်လူနာများထက် ပိုများလာ သည်ဟု မန္တလေးမြို့ခံ ပရဟိတအသင်းအချို့ က ပြောကြားသည်။

“၂၀၂၄ခုနှစ် ယခုနွေရာသီကာလတွင် အပူရှိန်သိသာစွာ မြင့်မားလာခြင်းကြောင့်   Heat Stroke  လူနာများ တစ်ရက်နှင့်တစ်ရက် ဖြစ်ပွားနေလျက်ရှိပါသည်။ ပုံမှန်ရက်များထက် Heat Stroke ကြောင့် အသက်သေဆုံးသူများ သိသာစွာ တိုးလာပါသည်။ ထိုသို့ ဖြစ်ပွားသော လူနာအများစုမှာ ၄၅နှစ်အထက် လူကြီးရွယ် အိုများ အဓိကခံစားနေကြရပါသည်။မိဘပြည် သူများအနေဖြင့် Heat Stroke  အပူရှိန်မြင့် မားခြင်း ဝေဒနာအား ပေါ့လျော့စွာ နေထိုင် ခြင်း မပြုမိစေရန် အထူးသတိပေးအပ်ပါသည်၊ ထိုဝေဒနာသည် သတိလစ်ခြင်းမှ အသက်သေ ဆုံးသည့်အထိ ခံစားရနိုင်ခြင်းကြောင့် မိမိနှင့် မိသားစုပတ်ဝန်းကျင်အား အထူးဂရုစိုက်ကြ ပါရန် အသိပေးအပ်ပါသည်ခင်ဗျာ”  ဟု မန္တ လေးမြို့ခံ မဏီစလလူမှုကူညီရေးအသင်းက အသိပေးထားသည်။

အပူချိန်မြင့်တက်မှုကြောင့် မန္တလေးမြို့ တွင် တစ်ရက်လျှင် လူ နှစ်ဦး အနည်းဆုံးကူညီ မှုများ ပေးနေရသည်ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုရက်ပိုင်းက တစ်ရက်ကို နှစ်ဦးနှုန်း လောက် အကူအညီပေးနေရတယ်။ အများဆုံး က အပူလျှပ်တာတို့၊ အပူချိန်မြင့်လို့ သွေးတိုး တာတို့၊ ဆီးချိုတက်တာတို့ဖြစ်တော့ အကူအ ညီပေးနေရတယ်” ဟု မဏီစလ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းက ချမ်းအေးသာ ဇံမြို့နယ် ၃၃ လမ်း x ၈၅ လမ်းထောင့်၌  စားသုံး ဆီတန်းစီနေစဉ် အမျိုးသားတစ်ဦး ကိုယ်ပူချိန် မြင့်မားပြီး မူးလဲသဖြင့်အဆိုပါအသင်းမှ သွား ရောက်ကူညီခဲ့ရသည်။

အလားတူ ဧပြီ ၂၃ ရက်ကလည်းအသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦးသည် ဝန်းသို မြို့မှ မန္တလေးမြို့သို့ ဆေးခန်းလာပြ ကြောင်း၊ မော်တော်ယာဉ်ဖြင့် လိုက်ပါလာစဉ် အပူချိန် ပြင်းထန်မှုကြောင့် ဆီးချိုများ တက် လာကာ သေဆုံးသွားကြောင်း အဆိုပါအသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကလည်း မန္တ လေးစျေးချိုအနီးတွင် စျေးဝယ်နေသည့် အမျိုးသမီးတစ်ဦး အပူချိန်ပြင်းထန်မှုကြောင့် ရုတ်တရက်လဲကျကာ သေဆုံးခဲ့ကြောင်း သိရ သည်။

အဆိုပါအမျိုးသမီးသည် ဧပြီ ၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ စျေးချိုစျေး၂၈ -၂၉  x  ၈၅-၈၆ လမ်းတွင် စျေးဝယ်နေစဉ် မူးလဲ သွားသောကြောင့် အနီးရှိ ပြည်သူတစ်ဦးက အကူအညီတောင်းခံသဖြင့် မဏီစလ လူမှု ကူညီ‌ရေးအသင်းက သွားရောက်ကူညီခဲ့ သည်။

မူးလဲခဲ့သည့်အမျိုးသမီးသည် မန္တလေး ပြည်သူ့ဆေးရုံကြီး  OPD သို့ ရောက်ရှိချိန်တွင် ကွယ်လွန်သွားသဖြင့် ၎င်းင်းအမျိုးသမီးကို ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ဧပြီ ၂၇ ရက်မှ မေ ၁ ရက်အထိ မြန်မာ နိုင်ငံအလယ်ပိုင်းဒေသများ၊ နေပြည်တော်၊ ပဲခူး၊ ရှမ်း၊ ရန်ကုန်၊ ဧရာဝတီ၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် အပူချိန်များ မြင့်တက်နိုင် ကြောင်း မိုးလေဝသလေ့လာသူတစ်ဦးဖြစ် သည့် ဦးဝင်းနိုင်က ပြောကြားထားသည်။

အိန္ဒိယ မိုးလေဝသဌာန၏ ထုတ်ပြန်ချက် ကို ကိုးကားပြီး ဦးဝင်းနိုင်က ၎င်းင်း၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားထားခြင်းဖြစ် သည်။

“၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်(စနေနေ့)မှာ အပူလှိုင်းအန္တရာယ်ရှိကြောင်း အိန္ဒိယ မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန် လာတာတွေ့ရပါတယ်။မြန်မာနိုင်ငံမှာတော့ ဧပြီ ၂၇-၂၈ ရက်နေ့တွေအတွက် အပူပြင်းထန် နိုင်ကြောင်း သတိပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့ အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ ဧပြီလ ၂၈ ရက်နေ့အပူချိန်အခြေအနေကို လေ့လာကြည့်တဲ့အခါ မြန်မာနိုင်ငံဘက်အ ခြမ်းစစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း တွေမှာ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ကြောင်း၊နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်း ပြည်နယ် ဒေသအချို့မှာ ၄၄ ဒီဂရီစင်တီ ဂရိတ်နဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ ၄၂ ဒီဂရီ စင်တီဂရိတ်အထိရှိနိုင်ကြောင်းတွေ့ရပါတယ်။ အခုလိုအပူချိန်မြင့်မားနေတာတွေက မေလ ၁ ရက်နေ့အထိ ဆက်လက်ရှိနေနိုင်ကြောင်းလဲ ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်”  ဟု အိန္ဒိယ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဦးဝင်းနိုင်က ပြောကြားသည်။

မိုးလေဝသ သတင်းများဖော်ပြလျက်ရှိ သည့် Eldorado weather ၏ ဧပြီ ၂၆ ရက်  ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ထုတ်ပြန်ချက်တွင် မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ၄၅ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ဖြင့် အပူဆုံးမြို့အဖြစ် အ ဆင့် ၈ တွင် ရောက်ရှိနေသည်။

ချောက်မြို့မှာ ယခင်ရက်များက ထိပ်ဆုံး နေရာတွင် ရှိနေခဲ့သော်လည်း အပူချိန်လျော့ ကျလာခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအ ရ ဧပြီလ တတိယပတ်အတွင်း မြန်မာနိုင်ငံအ လယ်ပိုင်းဒေသများတွင် ဧပြီလ ပျမ်းမျှအပူ ချိန်၏ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက် နေ့အပူချိန်ပိုနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent