နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း အာတီတာ ကြုံးဝါး

နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း အာတီတာ ကြုံးဝါး
Photo: Getty Images
Photo: Getty Images
Published 29 April 2024

အာဆင်နယ်အသင်းနည်းပြ အာတီတာက မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းအား အနိုင်ရပြီးနောက် မိမိအသင်းအနေဖြင့် နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းအနေဖြင့် လန်ဒန်ဒါဘီ ပွဲကျပ်နှစ်ပွဲဆက်တိုက် ကစားရခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းကို အိမ်ကွင်း၌ (၅-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သလို စပါးအသင်းကိုလည်း အဝေးကွင်း၌ (၂-၃) ဂိုးဖြင့် အနိုင်ရခဲ့သည်။

စပါးအသင်းအား အနိုင်ရပြီးနောက် ယခုလူစာရင်းမှာ နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း သက်သေပြနိုင်ပြီလားဟု မေးမြန်းမှုအပေါ် အာတီတာက ''ဟုတ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်းပါပဲ။ အဲဒီပုံစံကို တစ်ရာသီလုံးမြင်နေရတာပါ။ သူတို့က ကျွန်တော့်ကို ယုံကြည်မှုရှိစေဖို့ အကြောင်းပြချက်ကို နေ့စဉ်နေ့တိုင်းပေးနေပါတယ်။ ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ်ရောက်နေတာပါ။ အဲဒီအတွက် လှုံ့ဆော်မှုကလည်း အရမ်းကောင်းပါတယ်။ သူတို့တကယ်သွားနိုင်မယ်လို့ ကျွန်တော်တို့အားလုံး မျှော်လင့်ထားပါတယ်။ ကွာခြားမှု (ဒုတိယနေရာနဲ့) က အရမ်းကိုနည်းပါတယ်။ ကိုယ့်ကိုယ်ကို အဝေးရောက်သွားအောင် လုပ်လို့မရပါဘူး။ ကျွန်တော်တို့ ပိုပြီးကောင်းချင်ပါတယ်။ ခြားနားမှုကို ပိုကောင်းအောင် လုပ်ရမှာပါ။ အခုတော့ ဘုန်းမောက်နဲ့ပွဲအတွက် စဉ်းစားနေပါပြီ။ ဘာလို့လဲဆိုတော့ အဲဒီပွဲက တကယ်ကို ခက်ခဲမှာပါ'' ဟု ဖြေကြားခဲ့သည်။

Most Read

Most Recent