■ ဆိုးလ်ရှားကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ကနေဒါ FA အလိုရှိနေ     

■ ဆိုးလ်ရှားကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ကနေဒါ FA အလိုရှိနေ     
Photo: Sky Sports
Photo: Sky Sports
Published 26 April 2024

ကနေဒါဘောလုံးအဖွဲ့ချုပ်သည် မန်ယူအသင်း၏ နည်းပြဟောင်း ဆိုးလ်ရှားကို ကနေဒါလက်ရွေးစင်ဘောလုံးအသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ရန် အလိုရှိနေကြောင်း သိရသည်။ 

ကနေဒါဘောလုံးအဖွဲ့ချုပ်သည် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရမည်ဖြစ်သောကြောင့် ထိပ်တန်းနည်းပြ ခန့်အပ်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

ကနေဒါဘောလုံးအဖွဲ့ချုပ်သည် ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ကို ဦးစွာကမ်းလှမ်းခဲ့သော်လည်း အဆင်မပြေခဲ့သည့်အတွက် ဆိုးလ်ရှားကို ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent