ဘရိုက်တန်အသင်းတွင် ဆက်ရှိလိုသည်ဟု နည်းပြ ဒီဇယ်ဘီ ဆို

ဘရိုက်တန်အသင်းတွင် ဆက်ရှိလိုသည်ဟု နည်းပြ ဒီဇယ်ဘီ ဆို
Photo: Fabrizio
Photo: Fabrizio
Published 6 May 2024

ဘရိုက်တန်အသင်း၏နည်းပြ ဒီဇယ်ဘီက အနာဂတ်အတွက် အသင်းပိုင်ရှင်နှင့် ဥက္ကဋ္ဌဖြစ်သူ တိုနီဘလွန်းနှင့် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားသော်လည်း လက်ရှိအသင်းတွင် ဆက်နေလိုသည်ဟု ပြောကြားခဲ့သည်။

ဒီဇယ်ဘီသည် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများအပြင် ပြည်ပမှ ထိပ်သီးကလပ်အသင်းအချို့၏ စိတ်ဝင်စားခြင်းခံနေရသူ ဖြစ်သည်။

သို့သော် ဒီဇယ်ဘီက လက်ရှိအသင်းကို ချစ်မြတ်နိုးခြင်းကြောင့် ဆက်နေသွားရန် ဆန္ဒရှိနေပြီး ကစားသမားများအား အလှည့်ကျအသုံးပြုမည့် အစီအစဉ်ကို တိုနီဘလွန်းက လက်ခံလိုက်လျောခဲ့ပါက ဘရိုက်တန်အသင်းတွင် ဆက်နေသွားမည်ဟု ပြောကြားခဲ့သည်။

ဒီဇယ်ဘီသည် ဘရိုက်တန်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။

 

Most Read

Most Recent