■ ဆိုစီဒက်နှင့်ပွဲကို ဘယ်လင်ဟမ် လွဲချော်မည်

■ ဆိုစီဒက်နှင့်ပွဲကို ဘယ်လင်ဟမ် လွဲချော်မည်
Photo: Getty Images
Photo: Getty Images
Published 26 April 2024

ရီးယဲလ်အသင်း၏ ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ဆိုစီဒက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် လာလီဂါပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ 

ရီးယဲလ်အသင်းသည် ဧပြီ(၂၆)ရက်(ယနေ့)တွင် ဆိုစီဒက်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲအတွက် လူစာရင်းထုတ်ပြန်ရာတွင် ဘယ်လင်ဟမ်နှင့် မန်ဒီတို့ ပါဝင်ခြင်းမရှိခဲ့ပေ။ 

နည်းပြ အန်ဆယ်လော့တီအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝစေရန်အတွက် ဘယ်လင်ဟမ်အား အနားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၂၀) အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ယခုရာသီတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။ 

၎င်းသည် ရီးယဲလ်အသင်းအတွက် ပွဲထွက်ရာသီဖြစ်သည့် ယခုရာသီတွင် ပြိုင်ပွဲစုံ (၃၆) ပွဲ၌ (၂၁) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၀) ကြိမ် ပြုလုပ်ထားသည်။ 

Most Read

Most Recent