ယခုရာသီကုန်တွင် လီဗာပူးလ်မှထွက်ခွာမည့် နည်းပြ ကလော့ပ်အနေဖြင့် ဆော်ဒီသို့ ရောက်လာလိမ့်မည်ဟု မာနေ နောက်ပြောင်

ယခုရာသီကုန်တွင် လီဗာပူးလ်မှထွက်ခွာမည့် နည်းပြ ကလော့ပ်အနေဖြင့် ဆော်ဒီသို့ ရောက်လာလိမ့်မည်ဟု မာနေ နောက်ပြောင်
Photo: Getty Images
Photo: Getty Images
Published 21 March 2024

လီဗာပူးလ်တိုက်စစ်ကစားသမားဟောင်း မာနေက ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းမှထွက်ခွာမည်ဟု ကြေညာထားသည့် နည်းပြ ယာဂန်ကလော့ပ်အနေဖြင့် ဆော်ဒီသို့ရောက်လာလိမ့်မည်ဟု နောက်ပြောင်ပြောကြားခဲ့သည်။

မာနေ(၃၁ နှစ်)သည် လီဗာပူးလ်အသင်းတွင် နည်းပြ ကလော့ပ်နှင့်အတူ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ လက်တွဲဖူးသူဖြစ်ပြီး ဆုဖလား(၆)လုံးအထိ ရယူနိုင်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် လိဂ်ဖလားကို ရရှိထားပြီး ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများတွင် ချန်ပီယံဆုများအတွက် ယှဉ်ပြိုင်နေဆဲဖြစ်သော်လည်း နည်းပြ ကလော့ပ်အနေဖြင့် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု ကြေညာထားသည်။

မာနေက လီဗာပူးလ်မှထွက်ခွာမည့် ကလော့ပ်သည် ဆော်ဒီသို့ရောက်လာလိမ့်မည်ဟု နောက်ပြောင်ခဲ့သလို၊ မိမိ၏ကစားသမားဘဝတွင် များစွာကူညီခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မာနေက ''လီဗာပူးလ်က ထွက်မယ်လို့ သူ(ကလော့ပ်)ပြောထားပါတယ်။ သူ ဒီ(ဆော်ဒီ)ကို ရောက်လာနိုင်တယ်။ (ရယ်လျက်) သူက ကျွန်တော့်ကို များစွာကူညီခဲ့သလို၊ လီဗာပူးလ်အတွက် အများကြီးလုပ်ပေးခဲ့တဲ့ သက်ရှိဂန္ထဝင်တစ်ဦးပါ''ဟု ပြောကြားခဲ့သည်။

ကလော့ပ်သည် လီဗာပူးလ်နှင့်လမ်းခွဲပြီးပါက တစ်နှစ်နားမည်ဟုလည်း ကြေညာထားသည်။ 

Most Read

Most Recent