အမေရိကန်သည် မြောက်ကိုရီးယား၏ လူ့အခွင့်အရေးအခြေအနေကို နိုင်ငံရေးသဘော သက်ဝင်စေရန် လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားစွပ်စွဲ

အမေရိကန်သည် မြောက်ကိုရီးယား၏ လူ့အခွင့်အရေးအခြေအနေကို နိုင်ငံရေးသဘော သက်ဝင်စေရန် လုပ်ဆောင်နေကြောင်း မြောက်ကိုရီးယားစွပ်စွဲ
ဖေဖော်ဝါရီ ၁၄ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ အမေရိကန်သံရုံးတွင် မီဒီယာများနှင့် တွေ့ဆုံနေသည့် မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်အထူးသံတမန် ဂျူလီ တာနာကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၁၄ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ အမေရိကန်သံရုံးတွင် မီဒီယာများနှင့် တွေ့ဆုံနေသည့် မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်အထူးသံတမန် ဂျူလီ တာနာကို တွေ့ရစဉ်(Photo:AFP)
Published 28 April 2024

အမေရိကန်သည် မြောက်ကိုရီးယား၏ လူ့အခွင့်အရေးအခြေအနေကို နိုင်ငံရေး သဘောသက်ဝင်စေရန် လုပ်ဆောင်နေသည်ဟု မြောက်ကိုရီးယားက ဧပြီ ၂၇ ရက်တွင် စွပ်စွဲ ခဲ့ပြီး ထိုလုပ်ဆောင်မှုသည် နိုင်ငံရေးအရ ရန် စမှုဖြစ်ပြီး လျှို့ဝှက်ပူးပေါင်းကြံစည်မှုဖြစ်သည်ဟု ရှုတ်ချခဲ့သည်။

ကျူးကျော်ဝင်ရောက်မှု၊ ရန်စမှုနှင့်  မြောက်ကိုရီးယားဆန့်ကျင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် လူ့အခွင့်အရေးကို လက်ကိုင်တုတ်အဖြစ် အသုံးပြုနေသည့် အမေရိကန်ကို တုံ့ပြန်ရာတွင် မြောက်ကိုရီးယားသည် မိမိ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ပြတ်သားစွာ ကာကွယ်သွားမည်ဟု မြောက်ကိုရီး ယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA  သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့အတွင်း လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်ကိုလည်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ရည်ညွှန်းပြောကြားခဲ့သည်။

အမေရိကန်၏ မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ သံတမန် ဂျူလီတာနာသည် မြောက်ကိုရီးယားအရေး ဆွေးနွေးမှုများ ပြု လုပ်ရန် ဖေဖော်ဝါရီလက တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ သွားရောက်ခဲ့သည်။

ယခုသီတင်းပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် နှစ်ပတ်လည် ထုတ်ပြန်ချက်တွင် မြောက်ကိုရီးယားတွင် လူ့အခွင့်အရေးပြဿနာများ ကြီးကြီးမားမားရှိကြောင်း ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတွင် တရားဥပဒေမဲ့ သတ်ဖြတ်မှုများ၊ လူမသိသူမသိ ပျောက်ကွယ်သွားသူများ၊ ညှင်းပန်းနှိပ်စက်မှု၊ ရက်စက်မှု၊ လူမဆန်မှု၊ အပြစ်ပေးမှုများကို အာဏာပိုင်များက လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယား၏ ဒုံးကျည်များ ပစ်လွှတ်မှုကို ရပ်တန့်ရန် တိုက်တွန်းနေသည့် အမေရိကန်ကို မြောက်ကိုရီးယားက ဝေဖန်ခဲ့သည်။

အမေရိကန်ကမူ မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများသည် ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြောက်ကိုရီးယားကလည်း ဧပြီလအတွင်း ဂြိုဟ်တုလွှတ်တင်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံကို ထောက်ပြပြောဆိုခဲ့သည်။

မိမိတို့အနေဖြင့် မိမိတို့နိုင်ငံလုံခြုံရေးကို စိတ်ချသေချာစေရန် အာကာသကင်းထောက်လှမ်းရေး စွမ်းဆောင်ရည်များကို မြှင့်တင်ရန် စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယား အမျိုးသား လေကြောင်းနှင့် အာကာသဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

မကြာသေးမီက မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကာ ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် အတွဲလိုက် ဒုံးပစ်လောင်ချာတစ်ခု စမ်းသပ်ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ယင်းသည် မြောက်ကိုရီးယားက ရုရှားကို လက်နက်များထောက်ပံ့နေသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် နောက်ဆုံးအကြိမ် လက်နက်စမ်းသပ်မှုဖြစ်ခဲ့သည်။ပြီးခဲ့သည့်နှစ်ကလည်း မြောက်ကိုရီးယားသည့် ဒုံးကျည်စမ်းသပ်မှုများကို စံချိန်တင် ပြုလုပ်ခဲ့သည်။    Ref:Reuters

Most Read

Most Recent