အီရန်က ၎င်း၏အကျဉ်းထောင်များကို လူသတ်ကွင်းများအဖြစ် ပြောင်းလဲခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ပြောကြား

အီရန်က ၎င်း၏အကျဉ်းထောင်များကို လူသတ်ကွင်းများအဖြစ် ပြောင်းလဲခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ပြောကြား
ဧပြီ ၂ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့တော်တွင် အစိုးရအဖွဲ့အစည်းအဝေးကို ကြီးမှူးကျင်းပနေသည့် အီရန်သမ္မတ အီဘရာဟင် ရာအီစီ (လယ်) ကို တွေ့ရစဉ်
ဧပြီ ၂ ရက်က အီရန်နိုင်ငံ တီဟီရန်မြို့တော်တွင် အစိုးရအဖွဲ့အစည်းအဝေးကို ကြီးမှူးကျင်းပနေသည့် အီရန်သမ္မတ အီဘရာဟင် ရာအီစီ (လယ်) ကို တွေ့ရစဉ်
Published 5 April 2024

အီရန်နိုင်ငံတွင် ၂၀၂၃ ခုနှစ်က လူ ပေါင်း ၈၅၃ ဦးထက်မနည်း ကွပ်မျက်ခံခဲ့ရမှု နှင့်အတူ အီရန်သည် ၎င်း၏ အကျဉ်းထောင် များကို လူအစုလိုက် သတ်ဖြတ်သည့်နေရာများအဖြစ် ပြောင်းလဲခဲ့သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (IA) က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။

အီရန်တွင် ၂၀၂၃ ခုနှစ်အတွင်း သေဒဏ်စီရင်ကွပ်မျက်ခံခဲ့ရသူ ၈၅၃ ဦးအနက် ထက်ဝက်ကျော်မှာ မူးယစ်းဆေးဝါးမှုများဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသူများဖြစ်သည်ဟု လန်ဒန်အခြေစိုက် IA က ထုတ်ပြန်ခဲ့သည်။

သေဒဏ်စီရင်ကွပ်မျက်မှုများ မြင့်တက်နေခြင်းကို ရပ်တန့်စေရန် နိုင်ငံတကာ၏ ခိုင်မာသည့် လုပ်ဆောင်ချက်လိုအပ်ကြောင်း သို့မဟုတ်ပါက လာမည့်နှစ်များအတွင်း ထောင်နှင့်ချီသည့်လူများ ကြိုးပေးကွပ်မျက်ခံရမည့် အန္တရာယ်ရှိနေကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။

အီရန်အာဏာပိုင်များသည် လူအများအပြားကို စီရင်ကွပ်မျက်မှုကို ဆက်လက်လုပ်ဆောင်နေသဖြင့် အကျဉ်းထောင်များသည် လူသတ်ကွင်းများအဖြစ် ပြောင်းလဲခဲ့သည်ဟုလည်း IA က ပြောကြားခဲ့သည်။

အီရန်တွင် ၂၀၂၃ ခုနှစ်အတွင်း ကွပ်မျက်ခံရသူအရေအတွက်သည် ၂၀၂၂ ခုနှစ်ကထက် ၄၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မူးယစ် ဆေးဝါးနှင့် ဆက်နွှယ်သည့် စွဲချက်များပါဝင်သည့် ကွပ်မျက်မှုသည် ၅၆ ရာခိုင်နှုန်းဖြစ်သည်ဟု IA က ပြောကြားခဲ့သည်။

အီရန် လူ့အခွင့်အရေးအဖွဲ့ (IHR) နှင့် သေဒဏ်ချမှတ်မှု အတူတကွဆန့်ကျင်ရေး (ECPM) အမည်ရှိ NGO အဖွဲ့နှစ်ဖွဲ့၏ ပြီးခဲ့သည့် လအတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်မူ ၂၀၂၃ ခုနှစ်အတွင်း အီရန်၌ လူပေါင်း ၈၃၄ ဦး ကွပ်မျက်ခံခဲ့ရကြောင်း ဖော်ပြခဲ့ပြီး ထိုအရေအတွက်သည် IA ၏ ဖောက်ပြချက်အနည်း မဆိုစလောက် လျော့နည်းနေသည်ကို တွေ့ရသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက အီရန် နိုင်ငံကို တုန်လှုပ်သွားစေခဲ့သည့် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် သေဒဏ်စီရင်ကွပ် မျက်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ထိုဆန္ဒပြမှုများနှင့်ပတ်သက်ပြီး လူကိုး ဦးသည် သေဒဏ်ချမှတ်ခံခဲ့ရသည်။

အီရန်အာဏာပိုင်များသည် သေဒဏ် စီရင်ကွပ်မျက်မှုများကို အသုံးချပြီး လူထုအကြား အကြောက်တရားများ ရိုက်သွင်းနေကာ နောက်ထပ်ဆန္ဒပြမှုများကို ဟန့်တားနေခြင်း ဖြစ်သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက သတိပေးခဲ့သည်။

ယခုနှစ်အတွင်းတွင်လည်း အီရန်၏ သေဒဏ်စီရင်ကွပ်မျက်သည့် အလေ့အထသည် ပြောင်းလဲခြင်းမရှိဘဲ ယခုနှစ်ဇန်နဝါရီ ၁ ရက်မှ မတ် ၂၀ ရက်အထိ သေဒဏ်စီရင် ကွပ်မျက်မှု ၉၅ မှု ထက်မနည်း ပြုလုပ်ခဲ့သည်ဟု IA က ပြောကြားခဲ့သည်။

ထိုအရေအတွက်သည် အနည်းဆုံး ခန့်မှန်းဖော်ပြသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် သေဒဏ်စီရင်ကွပ်မျက်ခံရသူအရေ အတွက်သည် ပိုမိုများပြားနိုင်သည်ဟုလည်း IA  က ပြောကြားခဲ့သည်။

ခိုင်မာအားကောင်းသည့် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုမရှိပါက အီရန်အာဏာပိုင်များသည် လာမည့်နှစ်များအတွင်း ထောင်နှင့်ချီသည့် သေဒဏ်စီရင်ကွပ်မျက်မှုများကို ပြုလုပ်ပြီး အတိုက်အခံများကို ဖိနှိပ်နေမည်ကို  စိုးရိမ်ရကြောင်း IA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

                                          Ref:AFP

Most Read

Most Recent