လာဘ်စားမှုဖြင့် တရုတ်ဘောလုံးအဖွဲ့ချုပ်မှ ဥက္ကဌဟောင်းတစ်ဦး ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခံရ

လာဘ်စားမှုဖြင့် တရုတ်ဘောလုံးအဖွဲ့ချုပ်မှ ဥက္ကဌဟောင်းတစ်ဦး ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခံရ
Photo: AFP
Photo: AFP
Published 26 March 2024

တရုတ်ဘောလုံးအဖွဲ့ချုပ်(CFA) မှ ဥက္ကဌဟောင်းချန်ရွှိယွမ်ကို လာဘ်စားမှုဖြင့်  ထောင်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပြီဟု မတ် ၂၆ ရက်တွင် စင်ဟွာရုပ်သံက ကြေညာသည်။ ၎င်းလာဘ်စားခဲ့သည့်ငွေသည် ယွမ် ၈၁ သန်း(အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂ သန်း)ရှိသည်ဟု ဇန်နဝါရီတွင် ချန်ကဝန်ခံ ထွက်ဆိုခဲ့သည်။

သမ္မတရှီကျင်းပင်လက်ထက် ဘောလုံးလောကတွင် စစ်ဆေးခံရသည့် နည်းပြနှင့် ကစားသမားဦးရေမှာ ၁၂ ဦးအထက်ရှိ လာပြီဖြစ်သည်။ရာထူးပါ၀ါကိုအသုံးချပြီး ၂၀၁၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ချန်ကျူးလွန်ခဲ့သည့် တရားမဝင်လုပ်ရပ်များကို တရားရုံးတွင်ကြေညာခဲ့ပြီး အစိုးရရှေ့နေများအဆိုအရ ချန်သည် ပရောဂျက်ကန်ထရိုက်ပေးခြင်း၊ အားကစားပွဲများစီစဉ်ခြင်းတို့တွင် အကူအညီပေးကာ ငွေနှင့်တန်ဖိုးကြီးအရာများကို လက်သင့်ခံခဲ့သည်။

ရုံးတော်ကြေညာချက်တွင် ချန်သည် တရုတ်ဘောလုံးလောကကို အကြီးအကျယ်ထိခိုက်စေသူဟု ဆိုခဲ့ပြီး အဂတိလိုက်စားမှုဖြင့် အကြီးတန်းဘောလုံးအရာရှိသုံးဦးကိုလည်း ထောင်ဒဏ်ရှစ်နှစ်မှ ၁၄ နှစ်ကြား ချမှတ်လိုက်သည်ဟု စင်ဟွာသတင်းဌာနက ဖော်ပြသည်။

Shandong Taishan  ဘောလုံးအသင်းတွင် ကစားနေသည့် တောင်ကိုရီးယားနိုင်ငံသား ဆွန်ဂျွန်ဟိုဆိုသူကိုလည်း အဂတိလိုက်စားမှုဖြင့် ရဲတပ်ဖွဲ့ကထိန်းသိမ်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုကြေညာသည်။ သို့သော်၎င်းပြန်လွတ်လာပြီဟု တောင်ကိုရီးယားဘက်က ယခုတစ်ပတ်တွင်ကြေညာခဲ့သည်။    

Ref: BBC

Most Read

Most Recent