■ ဧရာဝတီတိုင်းဒေသကြီး၊ အကောက်တောင်အနီး သောကြာဒူး ကမ်းခြေ ဧရာဝတီမြစ်ကမ်း၌  ရေဆင်းချိုးသည့် လူငယ် လေးဦး ရေနစ် သေဆုံး

■ ဧရာဝတီတိုင်းဒေသကြီး၊ အကောက်တောင်အနီး သောကြာဒူး ကမ်းခြေ ဧရာဝတီမြစ်ကမ်း၌  ရေဆင်းချိုးသည့် လူငယ် လေးဦး ရေနစ် သေဆုံး
Published 27 April 2024

 

ဧရာဝတီတိုင်းဒေသကြီး အကောက်တောင်အနီး သောကြာဒူးကမ်းခြေ ဧရာဝတီမြစ်ကမ်း၌  ရေဆင်းချိုးသည့် လူငယ် လေးဦး ရေနစ်‌သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဧပြီ ၂၇ ရက်  နံနက် ၈ နာရီကျော်ခန့်က ကြံခင်းမြို့နယ်၊ သောကြာဒူး‌ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"အင်ပင်မြို့ကနေ Light Truck ကားတစ်စီးနဲ့ အကောက်တောင်ကို ဘုရားဖူးလာရင်း ကမ်းခြေဘက် ရေဆင်းချိုးရာက နေ ရေနစ်‌သေဆုံးမှု ဖြစ်ခဲ့တာလို့သိရပါတယ်။ မနက်ပိုင်း ၈ နာရီ ခွဲ‌လောက်မှာ ရေနစ်တာကိုသိခဲ့ကြတယ်။ 

အားလုံးဝိုင်းဝန်းပြီး အချိန်ယူရှာပြီးနောက် မနက် ၁၀ နာရီကျော် နောက်ပိုင်း‌လောက်မှာ အလောင်းတွေကို‌တွေ့ပါတယ်။ ကမ်းခြေကတော့ သင်္ကြန် အပြီးကတည်းက ပိတ်ထားတာဗျ။ ဒီအတိုင်းပဲ ရောက်ဖြစ်‌တော့ သွားကြတဲ့သဘောပါ။သက်ဆိုင်ရာဌာန တွေ၊ ဒေသခံ‌တွေနဲ့အတူ နယ်ခံပရဟိတအဖွဲ့‌တွေဖြစ်တဲ့ မေတ္တာမွန် လူမှုကူညီရေးအသင်း ( ကြံခင်း )၊  ရွှေမေတ္တာ နာရေးကူညီမှုအသင်း ( ထုံးဘို )၊ ကျန်းမာစေလိုပရဟိတ အသင်း  ( ကရင်စု )နဲ့ ရွှေဆိပ်သာ လူမှုကူညီရေးအသင်း (ဆိပ်သာ)အဖွဲ့ တွေ ပူး‌ပေါင်းချိတ်ဆက်ကူညီ ပေးခဲ့ကြပါတယ်"ဟု  ဗြဟ္မစ်ုရ် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုကျော်ကျော်အေးကြူ ကဖြေကြားသည်။

ကြံခင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများမှလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သေဆုံးသူလေးဦးမှာ အသက်(၁၅)နှစ်အရွယ် နှစ်ဦး၊ အသက်(၁၆)နှစ်အရွယ် တစ်ဦးနှင့် အသက် (၁၇)နှစ်အရွယ်တစ်ဦးတို့ဖြစ်ပြီး  အင်ပင်မြို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent