ဂျော်အိုဖေးလစ်အား ယူရိုသန်း (၆၀)ဖြင့် ရောင်းချရန် အက်သလက်တီကို စီစဉ်

ဂျော်အိုဖေးလစ်အား ယူရိုသန်း (၆၀)ဖြင့် ရောင်းချရန် အက်သလက်တီကို စီစဉ်
Photo: X
Photo: X
Published 9 May 2024

အက်သလက်တီကိုအသင်းသည် ဘာစီလိုနာအသင်းထံ တစ်ရာသီအငှားချထားသည့် အသင်းတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်အား လာမည့်နွေတွင် ယူရိုသန်း (၆၀) ဖြင့်ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။

အက်သလက်တီကိုအသင်းသည် ပေါ်တူဂီလက်ရွေးစင်တိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်အား ၂၀၁၉ တွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၁၂၆)သန်း ဖြင့် ခေါ်ယူခဲ့သည်။

ဂျော်အိုဖေးလစ်သည် အက်သလက်တီကိုတွင် ထင်မှတ်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ နည်းပြ ဆီမြွန်နီနှင့် အဆင်မပြေသဖြင့် နှစ်ရာသီဆက်တိုက် အငှားချခံခဲ့ရသည်။

လက်ရှိတွင် ဂျော်အိုဖေးလစ်အား တစ်ရာသီအငှားဖြင့် ခေါ်ယူထားသည့် ဘာစီလိုနာအသင်းကလည်း ၎င်းကိုအပြီးသတ် ခေါ်ယူရန် အစီအစဉ်မရှိကြောင်း သိရှိရသည်။

ထို့ကြောင့် အက်သလက်တီကိုအသင်းသည် ဂျော်အိုဖေးလစ်အား လာမည့်နွေရာသီတွင် ခေါ်ယူစဉ်ကထက် များစွာနည်းပါးသည့် ယူရိုသန်း(၆၀) ဖြင့် ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent