ဆာလာ၏ပြဿနာက နည်းပြသစ်ဖြစ်လာမည့် အာနီဆလော့အတွက် အခွင့်အရေးကောင်းဖြစ်လာစေနိုင်သည်ဟု  ဗြိတိန်မီဒီယာအချို့ သုံးသပ်

ဆာလာ၏ပြဿနာက နည်းပြသစ်ဖြစ်လာမည့် အာနီဆလော့အတွက် အခွင့်အရေးကောင်းဖြစ်လာစေနိုင်သည်ဟု  ဗြိတိန်မီဒီယာအချို့ သုံးသပ်
Photo : Getty Images
Photo : Getty Images
Published 29 April 2024

ယခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်နှင့်တိုက်စစ်ကစားသမား ဆာလာတို့ကြား ဖြစ်ပွားခဲ့သော ပြဿနာမှာ နည်းပြသစ်ဖြစ်လာမည့် အာနီဆလော့အတွက် အခွင့်အရေးကောင်း ဖြစ်လာစေနိုင်ကြောင်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ခဲ့သည်။

ဆာလာသည် ဝက်စ်ဟမ်းနှင့်ပွဲ၌ လူစားဝင်ကစားရန် စောင့်ဆိုင်းနေစဉ် ယာဂန်ကလော့ပ်နှင့် အချေအတင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်မှာ လီဗာပူးလ်အသင်းအတွက် အကျည်းတန်ပုံရိပ်ဖြစ်သော်လည်း လီဗာပူးလ်အသင်းအနေဖြင့် ဆာလာကို ရောင်းထုတ်ရန် ပိုမိုလွယ်ကူသွားစေနိုင်ခြင်းမှာ နည်းပြသစ်အတွက် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် အခွင့်အရေးကောင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့က သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ဆာလာကို ဆော်ဒီကလပ်အသင်းများက ခေါ်ယူရန် ပစ်မှတ်ထားနေကြပြီး ပြောင်းရွှေ့ကြေးမြင့်မားစွာဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

Most Read

Most Recent