အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ကြိုတင်ကြေညာခြင်းမရှိဘဲ ယူကရိန်းမြို့တော် ကိယက်ဗ်သို့ ရောက်ရှိလာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ကြိုတင်ကြေညာခြင်းမရှိဘဲ ယူကရိန်းမြို့တော် ကိယက်ဗ်သို့ ရောက်ရှိလာ
ကိယက်ဗ်ရထားဘူတာသို့ဆိုက်ရောက်လာသည့် ဘလင်ကင်ကို ယူကရိန်းဆိုင်ရာအမေရိကန်သံအမတ်က ကြိုဆိုနေပုံကို မေ ၁၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ကိယက်ဗ်ရထားဘူတာသို့ဆိုက်ရောက်လာသည့် ဘလင်ကင်ကို ယူကရိန်းဆိုင်ရာအမေရိကန်သံအမတ်က ကြိုဆိုနေပုံကို မေ ၁၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 14 May 2024

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်သည် ကြိုတင်ကြေညာထားခြင်းမရှိသော ခရီးစဉ်အဖြစ် မေ ၁၄ ရက်တွင် ကိယက်ဗ်မြို့ကို ရောက်ရှိလာခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးသည် ယူကရိန်းကို အမေရိကန်ကဆက်လက်ပံ့ပိုးမည့် အကြောင်းပြောကြားရန်နှင့် ယူကရိန်းလိုအပ်နေသော လက်နက်များ ပံ့ပိုးပေးရေးအတွက် ကိယက်ဗ်မြို့ကို ရောက်ရှိလာခြင်းဖြစ်သည်။

ဘလင်ကင်သည် ညရထားဖြင့် ပိုလန်နိုင်ငံမှရောက်ရှိလာခြင်းဖြစ်သည်။ ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ပြီးနောက်ပိုင်း ဘလင်ကင်သည် ယူကရိန်းကို စတုတ္ထအကြိမ်မြောက်ရောက်ရှိ လာခြင်းဖြစ်သည်။ ဘလင်ကင်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးနှင့်တွေ့ဆုံမည်ဟု သိရသည်။

အမေရိကန် ကွန်ဂရက်က ယူကရိန်းအတွက် ငွေကြေးအကူအညီ အမေရိကန်ဒေါ်လာ ၆၁ ဘီလျံကို အတည်ပြုပေးခဲ့ပြီးနောက် သီတင်းပတ်များစွာအကြာတွင် ဘလင်ကင်၏ ယူကရိန်းခရီးစဉ် အကောင်အ ထည်ပေါ်လာခြင်းဖြစ်သည်။

“အခုခရီးစဉ်ဟာ အရှေ့ပိုင်းရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီးရုရှားတွေကအခု နယ်စပ်ကိုဖြတ်ကျော်ပြီး ခါကိဗ်အထိ တိုက်ခိုက်နေခြင်းနဲ့အတူအလွန်ခက်ခဲတဲ့အခြေအနေကို ကျရောက်နေတဲ့ ယူကရိန်းသားတွေကို ခိုင်ခိုင်မာမာအာမခံတဲ့ အကြောင်းပြသဖို့ဖြစ်ပါတယ်”ဟု အမည်မဖော်လိုသူ အကြီးတန်းအမေရိကန်တာဝန်ရှိသူက ပြောကြားခဲ့သည်။

ယူကရိန်းကာကွယ်ရေးကို ကျားကန်ရာတွင် အမေရိကန်အကူအညီများကို အသုံးပြုပုံ၊ ၎င်းတို့ကို စစ်မြေပြင်တွင် ပြန်လည်အသုံးပြုနိုင်ပုံတို့နှင့်ပတ်သက်၍ ဘလင်ကင်က အ သေးစိတ်ပြောပြရန် ရည်ရွယ်သည်ဟု ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

ယူကရိန်းသို့ လက်နက်များ အမြန်ဆုံးရောက်ရှိရေးအတွက် တတ်နိုင်သည့်ကိစ္စအားလုံးကို လုပ်ဆောင်နေသည်ဟု မေ ၁၃ ရက်တွင် အိမ်ဖြူတော်က ပြောကြားခဲ့သည်။

ရန်သူ၏အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုကို ခံနေရသော နိုင်ငံအရှေ့ပိုင်းတွင်   ယူကရိန်းတပ်ဖွဲ့များသည် စခန်းနေရာများကို အပြောင်းအလဲများလုပ်နေသည်ဟု မေ ၁၄ ရက်ညပိုင်းတွင် ယူကရိန်းစစ်တပ်ကပြော ကြားခဲ့သည်။ ယူကရိန်းစစ်တပ်သည် တပ်ဖွဲ့များကို ပြန်လည် စုစည်းရန် စီမံနေသည်ဟု ဆိုသည်။

ခါကိဗ်မြို့ကို ရုရှားထိုးစစ်၏ ခြိမ်းခြောက်မှုအားမတွေ့ရသေးဟု ယူကရိန်းလုံခြုံရေးကောင်စီအကြီးအကဲက ပြောကြားခဲ့သည်။ ခါကိဗ်မြို့သည် တိုက်ပွဲဇုန်နှင့် ကီလိုမီတာ ၃၀(မိုင် ၂၀) ဝန်းကျင်သာကွာဝေးသည်ဟု ဆိုသည်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးက ဘယ်ဂိုရော့ဒေသတွင် ယူကရိန်း ဒုံးကျည် ၂၅ စင်းကို ကြားဖြတ်ပစ်ချခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးနှင့် တွေ့ဆုံပြီးပါက ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရိုကူလီဘာနှင့်လည်းတွေ့ဆုံမည်ဟု သိရသည်။

နှစ်ဦးနှစ်ဘက် ကာကွယ်ရေးသဘောတူညီချက်ကိစ္စကိုလည်း ခေါင်းဆောင်နှစ်ဦးက ဆွေးနွေမည်ဖြစ်သည်။          

Ref: AFP

Most Read

Most Recent