■ ဘယ်လ်ဂျီယံအသင်းလူစာရင်းတွင် ဒီဘရိုင်းနား မပါဝင်

■ ဘယ်လ်ဂျီယံအသင်းလူစာရင်းတွင် ဒီဘရိုင်းနား မပါဝင်
Photo: Sky Sports
Photo: Sky Sports
Published 15 March 2024

မန်စီးတီးအသင်း၏ ကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် ပေါင်ခြံဒဏ်ရာကြောင့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းလူစာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။  

ဘယ်လ်ဂျီယံ အသင်းသည် မတ်(၂၃)တွင် အိုင်ယာလန်၊ မတ်(၂၆)တွင် အင်္ဂလန်တို့နှင့် ခြေစမ်းရန် လူစာရင်း ထုတ်ပြန်ခဲ့ရာ ဒီဘရိုင်းနား ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။ 

ဒီဘရိုင်းနားသည် ယခုရာသီ၌ တံ ကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ပြီးခဲ့သည့် ဇန်နဝါရီလကမှ ပြန်ကစား နိုင်ခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ ၎င်းအနေဖြင့် နယူးကာဆယ်နှင့် ယှဉ်ပြိုင်ကစားရမည့် FA ဖလား ကွာတားဖိုင်နယ်ကိုလည်း လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent