နစက ဥက္ကဋ္ဌထံ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီး ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍအပါအဝင် နှစ်နိုင်ငံပူးပေါငး်ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး

နစက ဥက္ကဋ္ဌထံ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီး ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍအပါအဝင် နှစ်နိုင်ငံပူးပေါငး်ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး
နစကဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်
နစကဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်
Published 9 May 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စ တန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အင်မရန် ဟိုက်ဒါသည် မေလ ၈ ရက် တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန် ဆောင်ဧည့် ခန်းမ၌ ၎င်းင်း၏သံအမတ်ခန့်အပ်လွှာကိုပေး အပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှု ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွား ကဏ္ဍများအပါအဝင် အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ အ ထည်အလိပ်လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ် မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင် သည့် အခြေအနေများ၊ အပြန်အလှန်ကုန် သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်သည့် အ ခြေအနေများ၊ နှစ်နိုင်ငံအကြားချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား မည့် အခြေအနေများနှင့်စပ်လျဉ်းပြီး ဆွေး နွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးတို့သည် စုပေါင်း မှတ် တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး ယင်းသံအမတ် ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အ တွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်း ဆွေနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ အင်မရန်ဟိုက်ဒါတို့သည် မေလ ၈ ရက်မွန်း လွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပါ ကစ္စတန်သံအမတ်ကြီးအဖြစ် ခန့်အပ် တာ ဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်း မြောက်ကြောင်းပြောကြားပြီး မြန်မာ-ပါ ကစ္စတန် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးသောဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင် မာရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး နှင့် စက်မှုလုပ်ငန်း အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူး ပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်း  သိရသည်။

Most Read

Most Recent