အာဆီယံအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးအား ထည့်သွင်းဆွေးနွေးမည်ဟုဆို

အာဆီယံအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးအား ထည့်သွင်းဆွေးနွေးမည်ဟုဆို
Published 9 October 2024
Ref:Reuters

ယခုသီတင်းပတ်အတွင်း လာအိုတွင် ကျင်းပလျက်ရှိသည့် အာဆီယံအစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေးနှင့် ယူကရိန်း ပဋိပက္ခတို့ကို ဆွေးနွေးတင်ပြမည်ဟု အရှေ့အာရှဆိုင်ရာ အမေရိကန်သံတမန်တစ်ဦးက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက အောက်တိုဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အာဆီယံခေါင်းဆောင်များအစည်းအဝေးကို တက်ရောက်ခြင်းမရှိသည့်တိုင် အာဆီယံအတွက် ကတိကဝတ်များကို အပြည့်အဝ ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး ဒန်နီယယ်ကရစ်တန်ဘရင့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဘလင်ကင်သည် လာအို၏ မြို့တော်ဗီယန်ကျင်းသို့ အောက်တိုဘာ ၈ ရက်တွင်သွားရောက်ပြီး အောက်တိုဘာ ၁၁ ရက်အထိ လာအိုတွင်ရှိနေမည်ဟု ဖော်ပြထားသည်။

 

Most Read

Most Recent