သင့်တော်သည့်ကမ်းလှမ်းမှုရရှိပါက ကွင်းလယ်ကစားသမား ကင်မစ်ချ်ကို ဘိုင်ယန်မြူးနစ်အသင်း ရောင်းထုတ်မည်

သင့်တော်သည့်ကမ်းလှမ်းမှုရရှိပါက ကွင်းလယ်ကစားသမား ကင်မစ်ချ်ကို ဘိုင်ယန်မြူးနစ်အသင်း ရောင်းထုတ်မည်
Photo: Getty Images
Photo: Getty Images
Published 20 March 2024

 

ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ်ကို လာမည့်နွေရာသီတွင် သင့်တော်သည့် ကမ်းလှမ်းမှုရရှိပါက ရောင်းထုတ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

ကင်မစ်ချ်(၂၉ နှစ်)သည် ဘိုင်ယန်မြူးနစ်အသင်း နှင့် ၂၀၂၅ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းင်းက အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ထားပြီးဖြစ်သည့်အတွက် ဘိုင်ယန်မြူးနစ်အသင်းက ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ကင်မစ်ချ် သည် မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ စသည့် ထိပ်သီးအသင်းတစ်သင်းထံသို့သာ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းရင်းမြစ်အချို့က သုံးသပ်လျက်ရှိသည်။

Most Recent