■ စီးပွားကျမှုနှင့် မြင့်တက်လာသည့် အလုပ်လက်မဲ့နှုန်း

■ စီးပွားကျမှုနှင့် မြင့်တက်လာသည့် အလုပ်လက်မဲ့နှုန်း
ရန်ကုန်မြို့ ရွှေပိတောက်ငါးစျေးကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေသူအချို့ကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့ ရွှေပိတောက်ငါးစျေးကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေသူအချို့ကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 28 April 2024

မြန်မာနိုင်ငံတွင် စီးပွားရေးကျ ဆင်းလာသည့်အပြင် သိသိသာသာ မြင့်တက်လာသည့် ဆင်းရဲနွမ်းပါးမှု၏ နောက်ဆက်တွဲအကျိုးဆက်များကို ၂၀၂၄ ခုနှစ်တွင် ပြည်သူများ အနေဖြင့် ပို၍ သိသိသာသာခံစားလာ ရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအ ပြောင်းအလဲဖြစ်ပြီး သုံးနှစ်ကျော်အ ကြာ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာ သွားကြသည့်အပြင် ကုန်ထုတ်လုပ် နေသည့် စက်ရုံများ ပိတ်သိမ်းသွား ခြင်းနှင့်အတူ အလုပ်လက်မဲ့နှုန်းများ မြင့်တက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ရှားပါးလာခဲ့ သည်။

ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ် လာသည့် သက်ရောက်မှုများကြောင့် မြန်မာ့စီးပွားရေးတွင် ရိုက်ခတ်မှုများ ရှိခဲ့ပြီး အလုပ်လက်မဲ့နှုန်းမှာလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိ သည်။

နိုင်ငံရေးအပြောင်းအလဲ စဖြစ် ခဲ့သည့် ၂၀၂၁ ခုနှစ် ဒုတိယသုံးလ ပတ်အတွင်းမှာပင် မြန်မာနိုင်ငံလူဦး ရေ ၁ ဒသမ ၂ သန်းသည် အလုပ်လက် မဲ့ဖြစ်နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ လုပ်သားစျေးကွက်အခြေအနေ သည် သိသိသာသာဆိုးရွားလာပြီး စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံး ရိုက်ခတ်ခံနေရသော်လည်း ထိုအထဲ ကမှ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင် မှုလုပ်ငန်းများသည် အထိနာသည့် လုပ်ငန်းများထဲတွင် ပါဝင်ခဲ့ကြောင်း  ILO က ဆိုသည်။ 

၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် ထိုလုပ်ငန်းများ၏ အလုပ်အကိုင် သည် ခန့်မှန်းခြေ ၃၅ ရာခိုင်နှုန်း၊ ၃၁ ရာခိုင်နှုန်းနှင့် ၂၅ ရာခိုင်နှုန်း အသီး သီးလျော့ကျခဲ့ပြီး သက်ဆိုင်ရာအ လုပ်ချိန်များ ပိုမိုဆုံးရှုံးသွားသည်ကို တွေ့ရှိခဲ့ရကြောင်း  ILO ၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ် ဆိုင်းခဲ့ရသည့်အတွက် ရန်ကုန်မြို့ တစ်ခုတည်း၌ပင် လုပ်သားသုံးသိန်း ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး အ ထည်ချုပ်စက်ရုံများ ပိတ်သည့်အ တွက် အထည်ချုပ်လုပ်သားရှစ်သိန်း ကျော်၏ လေးပုံတစ်ပုံသည် အလုပ် လက်မဲ့ဖြစ်လာလိမ့်မည်ဟု ှုူဥ ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်း

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့် နှစ်မှစ၍ အလုပ်လက်မဲ့ရာခိုင်နှုန်း မြင့်တက်လာကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်သည့် ၂၀၂၀ -၂၀၂၃ ခုနှစ် လုပ်သားအင်အား ခန့်မှန်းစာရင်းအင်းများ အစီရင်ခံ စာတွင် ဖော်ပြထားသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခု နှစ်အထိ အလုပ်လက်မဲ့နှုန်းကို ခန့် မှန်းနိုင်ရန် လုပ်သားအင်အားပါဝင် မှုနှုန်းနှင့် ပြည်သူ့အင်အားဦးစီးဌာန ၏ နှစ်အလိုက် အိမ်ထောင်စုလူဦးရေ ကို အခြေခံတွက်ချက်ထားသည့် လုပ်သားအင်အားနှင့် အလုပ်အ ကိုင်နှင့် လုပ်ငန်းအမျိုးအစားအ လိုက် အလုပ်လုပ်ကိုင်သူဦးရေတို့အ ပေါ် အခြေခံ၍ ခန့်မှန်းတွက်ချက် ခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွက်ချက်မှုအရ ၂၀၂၀ ပြည့်နှစ်တွင် အလုပ်လက်မဲ့နှုန်း သုည ဒသမ ၁၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၅၃ ရာ ခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၆၉ ရာခိုင်နှုန်း ရှိသည့်အတွက် တစ် နှစ်ထက်တစ်နှစ် အလုပ်လက်မဲ့နှုန်း မြင့်တက်လာသည်ကို တွေ့ရှိရ သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့် နှစ်နောက်ပိုင်း အလုပ်လက်မဲ့နှုန်း မြင့်တက်လာရခြင်းသည် ကိုဗစ်ကူး စက်ရောဂါဖြစ်ပွားမှုကြောင့် လုပ် သားဦးရေလျော့ကျခြင်း၊ လုပ်ငန်း များပိတ်သိမ်းခြင်း၊ လုပ်သားများ ရွှေ့ပြောင်းသွားလာမှုများ စသည့် အခြေအနေတို့ကြောင့် ဖြစ်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ခန့်မှန်း ထားသည်။

ထို့ပြင် နှစ်စဉ်လုပ်သားအင် အား တိုးတက်နေသည့်အတွက် လုပ် သားစျေးကွက်နှင့် အလုပ်အကိုင်ရရှိ မှုအရ အလုပ်လက်ရှိတိုးတက်မှု သည် လုပ်သားအင်အားတိုးတက် မှုကို လွှမ်းခြုံနိုင်မှုမရှိသဖြင့် အလုပ် လက်မဲ့နှုန်း မြင့်တက်လာခြင်းဖြစ် နိုင်ကြောင်း အလုပ်သမားဝန်ကြီး ဌာန၏ စစ်တမ်းက ဆိုသည်။

လက်ရှိတွင် လုပ်ငန်းရှင်များအ နေဖြင့် ကျဆင်းလာသည့် စီးပွားရေး အခြေအနေကြောင့် လုပ်ငန်းအများ စုရပ်နားထားပြီး လုပ်ငန်းအချို့မှာမူ အလုပ်များကို ထက်ဝက်နီးပါး လျှော့ချ လာကြသည်။

ဝန်ထမ်းများကို လစာနှုန်းထား လျှော့ချခြင်းနှင့် ဝန်ထမ်းဦးရေ လျှော့ ချလာကြသည့်အတွက် မြန်မာနိုင်ငံ တွင် အလုပ်လက်မဲ့နှုန်းမှာ သိသိသာ သာ မြင့်တက်လာခဲ့ကြောင်း အလုပ် သမားအဖွဲ့အစည်းများထံမှ သိရ သည်။ 

ထို့ပြင် မြန်မာနိုင်ငံ၏ အလုပ် လက်မဲ့နှုန်းသည် ၂၀၂၃ ခုနှစ်အ တွင်း ပြီးခဲ့သောနှစ်ထက် မြင့်တက် လာဖွယ်ရှိနေကြောင်း ကမ္ဘာ့နိုင်ငံ ပေါင်း ၁၉၆ နိုင်ငံမှ စီးပွားရေးဆိုင် ရာအညွှန်းကိန်းများအတွက် လိုအပ် သောအချက်အလက်များ မျှဝေကူ ညီပေးနေသည့် ွှမေိငညါ နခသညသ -ာငချ အဖွဲ့အစည်းက သုံးသပ်ထား သည်။

မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းသည် ၂၀၂၂ ခုနှစ်က ၁ ဒသမ ၈၀ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၂၃ ခု နှစ်တွင် မြန်မာနိုင်ငံ၏ အလုပ်လက် မဲ့နှုန်းမှာ နှစ်ရာခိုင်နှုန်းအထိ မြင့် တက်လာဖွယ်ရှိနေကြောင်း ယင်းအ ဖွဲ့က သုံးသပ်ထားသည်။

အလုပ်လက်မဲ့နှုန်းကို တွက်ချက် ရာတွင် ကလေးသူငယ်များ၊ အငြိမ်း စားများကို ထည့်တွင်းတွက်ချက် ထားခြင်းမရှိဘဲ အလုပ်လုပ်နိုင်သော အရွယ်များကို အခြေခံပြီး အလုပ်ရှာ ဖွေနေသည့် အရေအတွက်ကို တွက် ချက်ထားခြင်းဖြစ်သည်။

Trading Economics သည် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းကို ၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ် စာရင်း တွက်ချက်ဖော်ပြရာတွင်၂၀၁၅ ခု နှစ်နှင့် ၂၀၁၉ ခုနှစ်တို့သည် မြန်မာ နိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အ နည်းဆုံးနှစ်များဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် သုည ဒသ မ ၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် အလုပ်လက်မဲ့နှုန်းသည် သုည ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ထို့ပြင် နောက်ဆုံး ၁၀ နှစ်အ တွင်း မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းဖော်ပြချက်တွင် ၂၀၁၃ ခုနှစ် သည် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံး တွင် ရှိခဲ့သည်။

ကိုဗစ်ကပ်ရောဂါအပြင် နိုင်ငံ ရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ် လာသော သက်ရောက်မှုများက မြန် မာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုများ ရှိခဲ့ပြီး အလုပ်လက်မဲ့နှုန်းမှာလည်း ၂၀၂၂ ခုနှစ်ထက် မြင့်တက်လာခြင်း ဖြစ်သည်။

 

ကုန်စျေးနှုန်းဒဏ် ပြည်သူခံ

စီးပွားရေးကျဆင်းပြီး အလုပ် အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် အလုပ်လက်မဲ့နှုန်း မြင့်တက်နေချိန် တွင် မြွေပူရာကင်းမှောင့်ဆိုသကဲ့သို့ ငွေကြေးဖောင်းပွမှု မြင့်တက်လာ သည့်အတွက် ကုန်စျေးနှုန်းတက် သည့်ဒဏ်ကို ပြည်သူများအနေဖြင့် အလူးအလဲခံနေရသည်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အ ခြေစိုက် ှအအေငျအေ အဖွဲ့၏ လေ့လာ ချက်အရ ၂၀၂၃ ခုနှစ်အတွင်း မြန် မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း သည် ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းရှိ လာနိုင်ကြောင်း ခန့်မှန်းထားသည်။

ထိုအဖွဲ့အနေဖြင့် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၅၀ ကျော်ရှိ သတင်းရင်းမြစ် ၂၂၅၀၀ ဆီမှ သတင်းအချက်အလက် ပေါင်းတစ်သန်းကို အခြေခံ၍ ယခု ကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၇ ခုနှစ်က ၄ ဒသ မ ၆၂ ရာခိုင်နှုန်းသာ ရှိခဲ့သည့်အ တွက် နောက်ဆုံးငါးနှစ်အတွင်း အနည်းဆုံးနှစ်ဖြစ်ခဲ့သည်။ 

ယင်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို ၂၀၀၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နှစ် အလိုက်ဖော်ပြရာတွင် ၂၀၂၄ ခုနှစ် မှ ၂၀၂၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၈၃ ရာခိုင်နှုန်း ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

ဒီခန့်မှန်းချက်တွေဟာ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်လက် မဲ့နှုန်း အခြေအနေတွေကို အဓိက အခြေခံပြီး တွက်ချက်ဖော်ပြခြင်းဖြစ် ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေ တဲ့အတွက် အချိန်နဲ့အမျှ ကုန်စျေး နှုန်းမြင့်တက်မှုတွေ ရှိလာနိုင်ပြီး နိုင် ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် သက်ရောက်မှုတွေ ရှိလာနိုင် ပါတယ်ဟု Statista  အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၀၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အ ထိ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု နှုန်းကို ဖော်ပြရာတွင် ၂၀၀၇ ခုနှစ် သည်  ၃၄ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်သည် သုည ဒသမ ၃၆ ရာခိုင်နှုန်းဖြင့် ငွေကြေး ဖောင်းပွမှုနှုန်း အနည်းဆုံးဖြစ်ခဲ့ သည်။

အလုပ်သမားများကို ဆွဲဆောင် နိုင်ရန်အတွက် မြင့်မားသော လစာ နှုန်းထားမျိုး ပေးနိုင်မှုမရှိခြင်းက လည်း အလုပ်လက်မဲ့နှုန်း မြင့်တက် စေကြောင်း ယင်းအဖွဲ့က သုံးသပ် ထားသည်။

ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုး မှုအစီအစဉ် (UNDP) အနေဖြင့် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ အများဆုံးနေထိုင်သည့် မြို့နယ်ရှစ် မြို့နယ်မှ လူဦးရေ ၃၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပြီး ၂၀၂၃ ခု နှစ် နှစ်ဦးပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ စစ်တမ်းကောက်ယူမှု အရ ယင်းမြို့နယ်ရှစ်မြို့နယ်၏ လူဦး ရေလေးပုံတစ်ပုံ (၂၄ ဒသမ ၁ ရာခိုင် နှုန်း) သည် ပြီးခဲ့တဲ့ ၁၂ လအတွင်း ဝင်ငွေမရှိဘဲ နေရသည့်အခြေအ နေကို မကြာခဏကြုံတွေ့ခဲ့ရကြောင်း  UNDP က ဆိုသည်။

ထိုသို့သောအခြေအနေများ သည် ယင်းရှစ်မြို့နယ်ရှိ အိမ်ထောင် စုများ၏ ကျန်းမာရေးနှင့် ရေရှည်လူ မှုစီးပွားအခြေအနေများကို ခြိမ်း ခြောက်နေကြောင်း UNDP က ထောက်ပြထားသည်။

ဥပမာအားဖြင့် အိမ်ထောင်စု ဝင်များသည် အစားလျှော့စားခြင်း၊ အာဟာရပြည့်ဝသော အစားအစာ များ လျှော့၍စားသုံးခြင်း ၎င်းင်းတို့ပိုင် ဆိုင်သည့် ရုပ်ဝတ္ထုပစ္စည်းများကို ခွဲခြမ်းရောင်းချခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများအား ခံယူကုသမှု မရှိခြင်း စသည့် လတ်တလောရင် ဆိုင်ဖြေရှင်းသည့် နည်းလမ်းများဖြင့် ဝင်ငွေလျော့နည်းမှုကို ဖြေရှင်းနေရ ကြောင်း UNDP က ဆိုသည်။

စစ်တမ်းကောက်ယူမှုများအရ ယင်းမြို့နယ်ရှစ်မြို့နယ်ရှိ နေထိုင်သူ များသည် အခြားမြို့နယ်မှ နေထိုင် သူများနှင့်ယှဉ်လျှင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာညွှန်းကိန်းများ အား လုံး၌ အခြေအနေပိုမိုနိမ့်ကျနေသည် ကို တွေ့ရှိရကြောင်း UNDP က သုံး သပ်ဖော်ပြထားသည်။

စစ်တမ်းကောက်ယူခဲ့သော မြို့နယ်ရှစ်မြို့နယ်မှ လူဦးရေ ၂၇ ဒသမ ၅ ရာခိုင်နှုန်းသည် ဝင်ငွေများ ကျဆင်းလာမှုကြောင့် ပြီးခဲ့သည့် ၁၂ လအတွင်း အာဟာရပြည့်ဝလုံ လောက်စွာ မစားသုံးနိုင်ဟုဖြေဆိုခဲ့ ကြောင်း UNDP ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ဖြေဆိုသူများထဲတွင် ၃၅ ဒသမ ၇ ရာခိုင်နှုန်းကျော်သည် ဝင်ငွေမရှိ သောကြောင့် အစားလျှော့စားခြင်း များလည်း ပြုလုပ်ခဲ့ကြောင်း တွေ့ရှိ ရသည်ဟု UNDP က ဆိုသည်။

ပြည်သူ့ကျန်းမာရေး စောင့် ရှောက်မှုစနစ်များ ဆုတ်ယုတ်အား နည်းလာသည့်အတွက် ပြည်သူများ အနေဖြင့် လက်ရှိအချိန်တွင် ပုပ္ပလိ ကဆေးရုံ၊ ဆေးခန်းများကို ၎င်းင်းတို့၏ လိုအပ်သော ကျန်းမာရေးကုသမှု များအတွက် အားထားနေရကြောင်း UNDP ၏ စစ်တမ်းတွင် ဖော်ပြထား သည်။

ဝင်ငွေများကျဆင်းလာမှု ကြောင့် လူအများစုမှာ ‌ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိရန် အလွန်ခက်ခဲလာကြောင်းနှင့် စစ်တမ်းဖြေဆိုသူများ၏ လေးပုံတစ် ပုံကျော် (၂၆ ဒသမ ၉ ရာခိုင်နှုန်း) သည် မိမိ (သို့မဟုတ်) မိသားစုဝင် များ နာမကျန်းဖြစ်ပါက ဆေးဝါးနှင့် ဆေးကုသမှုကို မခံယူဖြစ်ဟု ဖြေဆို ထားကြောင်း UNDP ၏ စစ်တမ်း တွင် ဖော်ပြထားသည်။

ဖြေဆိုသူ လေးပုံသုံးပုံသည် ကျန်းမာရေးအတွက် ဆေးဝါးနှင့် ကုသခြင်း ဝန်ဆောင်မှုနှုန်းထားများ အဆမတန်မြင့်မားသဖြင့် ထိုဝန် ဆောင်မှုများကို ရယူရန် ပိုမိုခက်ခဲ လာသည်ဟု ဖြေဆိုထားသည်ကို တွေ့ ရှိရကြောင်း UNDP က ဆိုသည်။ 

ယင်းမြို့နယ်ရှစ်မြို့နယ်မှ စစ် တမ်းဖြေဆိုသူ ၄၃ ရာခိုင်နှုန်းသည် လွန်ခဲ့သော ၁၂ လအတွင်း ဝင်ငွေ နည်းပါးလာခြင်းကြောင့် ပိုင်ဆိုင်မှု များကို ခွဲခြမ်းရောင်းချခဲ့ရသည်ကို တွေ့ရှိရပြီး ထိုအထဲတွင် မော်တော် ယာဉ်နှင့် အငှားပြေးဆွဲသည့်ယာဉ် များ ဖြစ်နေပါက ယင်းအိမ်ထောင်စု များ၏ ဝင်ငွေကို ပိုမိုလျော့နည်းစေ သကဲ့သို့ ပြန်လည်ရပ်တည်နိုင်ရန် ခက်ခဲစေကြောင်း UNDP က သုံးသပ် ဖော်ပြထားသည်။

ကျပ်တည်းမှုကို လတ်တလော ရင်ဆိုင်ဖြေရှင်းရာတွင် အဆိုးရွား ဆုံးနည်းလမ်းသည် သားသမီးများ ကို ကျောင်းမှ နုတ်ထွက်စေပြီး အ လုပ်ခိုင်းစေ၍ ဝင်ငွေရှာဖွေခိုင်းခြင်း ဖြစ်ပြီး ထိုဖြစ်ရပ်များကို စစ်တမ်း ကောက်ယူခဲ့သည့် မြို့နယ်ရှစ်မြို့ နယ်မှ လူဦးရေလေးပုံတပုံတွင် တွေ့ ရှိခဲ့ရကြောင်း UNDP ၏ စစ်တမ်း တွင် ဖော်ပြထားသည်။

ကလေးသူငယ်များအနေဖြင့် ပညာရေးဆုံးခန်းတိုင်အောင် သင် ကြားခွင့်မရှိခြင်းသည် ၎င်းင်းတို့ ကြီးပြင်း လာသည့်အခါတွင် ပိုမိုကောင်းမွန် သော အလုပ်အကိုင်များ ရှာဖွေနိုင် သည့် စွမ်းရည်ကို ထိခိုက်ကျဆင်းစေ ကြောင်း UNDP က သုံးသပ်ဖော်ပြ ထားသည်။

“ရန်ကုန်ရဲ့ မြို့ပြဆင်းရဲနွမ်းပါး မှုနှုန်းဟာ သိသိသာသာမြင့်တက်နေ ပြီး အလုပ်လက်မဲ့နှုန်းနဲ့ ဝင်ငွေလျော့ နည်းခြင်းက တစ်နေ့တခြား ပိုမိုများ ပြားလာနေပါတယ်။ ဒီအခြေအနေ တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တည် ငြိမ်တဲ့ အလုပ်အကိုင်နဲ့ လူတွေကို ဝင်ငွေပိုမိုရရှိဖို့ ပံ့ပိုးပေးခြင်းက လူ တို့ရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝ ကို တိုးတက်စေတဲ့ ရေရှည်တည်တံ့ သော နည်းလမ်းတစ်ခု လုပ်ဆောင်ဖို့ လိုအပ်ပါတယ်}}ဟုUNDP၏ ဌာနေ ကိုယ်စားလှယ် ွှငအသည ငြအမေ က ပြော ကြားသည်။

 

နာလန်မထူနိုင်သေးတဲ့ စီးပွားရေး

မြန်မာနိုင်ငံတွင် ကိုဗစ်ကာလ ၌ ကျဆင်းလာသည့် စီးပွားရေးသည် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွား ပြီးနောက် ပိုမိုဆုတ်ယုတ်လာခဲ့သည့် အတွက် စီးပွားရေးအညွှန်းကိန်းများ အနုတ်လက္ခဏာပြလာကြောင်း စီး ပွားရေးပညာရှင်များက ထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုး တက်မှုနှုန်းသည် ဆိုးဆိုးရွားရွား ဆုတ်ယုတ်နိုင်ဖွယ် ရှိနေဆဲဖြစ်ပြီး စက်တင်ဘာလအထိ ဘဏ္ဍာနှစ်အ တွင်း ပြည်တွင်း အသားတင်ကုန် ထုတ်လုပ်မှု (ဂျီဒီပီ) သည် သုံးရာခိုင် နှုန်းသာ တိုးတက်ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။

အကြမ်းဖက်မှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ပိုမိုဆိုးရွားလာမှု နှင့် မူဝါဒပိုင်း မအောင်မြင်မှုတို့သည် နိုင်ငံရေးနှင့် လူမှုရေး မတည်ငြိမ်မှု များကြောင့် အထိနာနေသည့် စီးပွား ရေးအပေါ် သက်ရောက်မှုများ ဆက် လက်ရှိနေလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

“လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အားနည်းချက်တွေ၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေအပေါ် ကန့်သတ်ချက်တွေနဲ့ စည်းမျဉ်းထိန်းသိမ်းရေးဆိုင်ရာ မရေရာမှုတွေ ဆက်ရှိနေတဲ့အတွက် စီးပွားရေးဝန်းကျင်ဟာ သိသိသာသာ တိုးတက်လာဖွယ်မရှိပါဘူး” ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အရှေ့အာရှဒေသရှိ အခြားနိုင် ငံများတွင် ကပ်ရောဂါကာလအတွင်း စီးပွားရေးကျဆင်းခဲ့ရာမှ ပြန်လည် ဦးမော့လာသော်လည်း မြန်မာ့စီးပွား ရေး၏ ထုတ်လုပ်မှုပမာဏသည် ၂၀၁၉ ခုနှစ်ကထက် သိသိသာသာ ဆက်လက်လျော့ကျနေလိမ့်မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆို သည်။

မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၁ ခုနှစ်က ၁၈ ရာခိုင်နှုန်းခန့် ကျုံ့သွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် သုံး ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ကမ္ဘာ့ ဘဏ်က သုံးသပ်သည်။

အိမ်ထောင်စုများအနေဖြင့် ဝယ်လိုအား ကျဆင်းလာခြင်း၊ စား သောက်ကုန်နှင့် စက်သုံးဆီစျေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် ဖိအား ဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရ ပြီး အမေရိကန်ဒေါ်လာနှင့်လဲလှယ် သည့်  ကျပ်ငွေတန်ဖိုးသည်လည်း ၃၁ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် မြန်မာ့စီးပွားရေးလေ့ လာစောင့်ကြည့်မှု အစီရင်ခံစာတစ် စောင်ကို ကမ္ဘာ့ဘဏ်က ထပ်မံထုတ် ပြန်ခဲ့သည်။

ထိုအစီရင်ခံစာတွင် ပဋိပက္ခ ဖြစ်ပွားမှု အရှိန်ဆက်လက်မြင့်တက် လာခြင်းမရှိလျှင်ပင် ၂၀၂၄ ခုနှစ်အ တွင်း မြန်မာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေမည့်အပြင် အရှေ့အာရှ ဒေသတွင် ကမ္ဘာ့ကပ်ရောဂါမတိုင်မီ ကရှိခဲ့သည့် စီးပွားရေးအခြေအနေ သို့ ပြန်မရောက်နိုင်သည့် တစ်ခု တည်းသောနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေကြောင်း ဖော်ပြထား သည်။

မြန်မာနိုင်ငံသည် ပဋိပက္ခအ ခြေအနေများ၊ ကုန်သွယ်မှုနှင့် ကုန် စည်စီးဆင်းမှု အတားအဆီးများ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုနှင့် ငွေ ကြေးဖောင်းပွမှု အခြေအနေပေါင်း စုံ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေး လုပ်ငန်းများနှင့် အိမ်ထောင်စုများ အပေါ် အနုတ်လက္ခဏာဆောင် သည့် သက်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိရာ ကာလတိုအတွက် မြန်မာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း အနည်းငယ်သာရှိသည်ဟု ခန့်မှန်း ထားသည်။

“ပဋိပက္ခကြားမှ  စိန်ခေါ်မှု များ” ဟု အမည်ပေးထားသည့် အစီ ရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွား ရေးတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း တစ် ရာခိုင်နှုန်းသာရှိသည်ဟု ခန့်မှန်း သည်။

ပဋိပက္ခဖြစ်ပွားမှု အရှိန်ဆက် လက်မြင့်မားလာခြင်းမရှိလျှင်ပင် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွား ရေးတိုးတက်မှု နှေးကွေးနေမည့်အ ပြင် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်မှု ကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍများ၌ နှေးကွေးကြန့်ကြာမှုများ ဆက် လက်ကျယ်ပြန့်လာနိုင်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပမာ ဏသည် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါ က ၁၀ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျ လျက်ရှိသောကြောင့် အရှေ့အာရှ ဒေသတွင် ကမ္ဘာ့ကပ်ရောဂါမတိုင် မီက ရှိခဲ့သည့် စီးပွားရေးအခြေအ နေသို့ ပြန်မရောက်နိုင်သည့်တစ်ခု တည်းသော နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေသည်ဟု ဖော်ပြထား သည်။

“စီးပွားရေးအခြေအနေတွင်  ဆိုးရွားလာနေပြီး အနာဂတ်အတွက် မသေချာမရေရာမှုတွေကလည်း ပိုပြီး ဆိုးလာပါတယ်။ စားသောက် ကုန်စျေးနှုန်း မြင့်တက်လာတာ ကြောင့် ဝင်ငွေအများစုကို အစားအ စာအတွက်သာ သုံးစွဲနေရတဲ့၊ ကုန် စျေးနှုန်းမြင့်တက်မှု ပိုမြန်တဲ့ဒေသ တွေမှာ နေထိုင်ရတဲ့အခြေခံလူတန်း စားများကို ပိုပြီးထိခိုက်စေပါတယ်”  ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီး ယားနှင့် လာအိုပြည်သူ့သမ္မတနိုင်ငံ တော် ဌာနေကိုယ်စားလှယ် မာရီ ယမ်ရှာမန်က ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းညွှန်းကိန်း များသည် ၂၀၂၃ ခုနှစ် နှစ်လယ် ကတည်းက ဆိုးရွားလာခဲ့သည်။ စက်တင်ဘာလတွင် ၎င်းင်းတို့လုပ်နိုင် စွမ်း၏ ၅၆ ရာခိုင်နှုန်းခန့်သာ လည် ပတ်နိုင်ခဲ့သော စီးပွားရေးလုပ်ငန်း များက မတ်လမှစတင်၍ ၁၆ ရာခိုင် နှုန်းခန့် ပိုမိုကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ လက်လီအရောင်း သမား များအတွက် အရောင်းကျဆင်းလာ ခြင်းက အဓိကစိန်ခေါ်မှုဖြစ်သည်။

“စီးပွားရေးလုပ်ဆောင်နိုင်တဲ့  အခင်းအကျင်းကျ ဆင်းလာမှုနဲ့အ တူ အနာဂတ်အတွက် မရေရာမှုတွေ ပိုများလာတာကြောင့် မြန်မာနိုင်ငံ ရဲ့အထည်ချုပ်စက်ရုံများဟာ ရင်းနှီး မြှုပ်နှံမှုနဲ့ တိုးချဲ့နိုင်ဖို့အတွက်မဟုတ် ဘဲ ရပ်တည်ရှင်သန်ရေးကိုသာ ပိုပြီး အာရုံစိုက်နေကြရပါတယ်။ မကြာ သေးခင်က ဖြစ်ပေါ် တိုးတက်ပြောင်း လဲလာမှုတွေကြောင့် အထည်ချုပ် လုပ်ငန်းတွေသာမက မြန်မာနိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံးရဲ့ရေရှည်ဖွံ့ဖြိုး တ ိုးတက်မှုအလားအလာအပေါ် အများကြီးအဟန့်အတားဖြစ်စေနိုင် ပါတယ်}}ဟု ကမ္ဘာ့ဘဏ်၏ အကြီး တန်းစီးပွားရေးပညာရှင် ကင်မ်အယ် လန်အဒ်ဝပ်က ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးကျဆင်းမှု သည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဝင် ရောက်မှုနည်းခြင်းနှင့် ပြည်တွင်း၌ ထုတ်ပြန်သည့် ကန့်သတ်ချက်များ၊ မတည်ငြိမ်မှုများကြောင့် ရှိနှင့်ပြီး သား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာသွားခြင်းကလည်း အဓိကသက်ဆိုင်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ပြောဆို သည်။

လက်ရှိတွင် ပြည်တွင်းစီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ် များ၏ ကန့်သတ်ချက်များအပြင် ချေးငွေမရရှိခြင်းတို့ကြောင့် ရှိရင်း စွဲလုပ်ငန်းများကိုပင် လည်ပတ်နိုင် ရန် ရုန်းကန်နေရသည်။

ထိုသို့သော အခြေအနေများ ကြောင့် မြန်မာနိုင်ငံတွင် အလုပ် လက်မဲ့နှုန်း ပိုမိုမြင့်တက်လာဖွယ်ရှိ နေသည့်အတွက် သက်ဆိုင်ရာတာ ဝန်ရှိသူများအနေဖြင့် မြန်မာ့စီးပွား ရေး နာလန်ထူနိုင်ရန် မည်သို့ဆက် လ က်ဆောင်ရွက်မည်ကို အားလုံးက စိတ်တစားစောင့်ကြည့်နေကြသည်။