ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 28 April 2024

ဘုန်းမောက် - ဘရိုက်တန် (တနင်္ဂနွေည ရး၃၀ နာရီ)

ဘုန်းမောက်ကလည်း ကစားပုံကောင်းသလောက် ရလဒ်တွေ ကျဆင်းနေတာကို တွေ့ရတယ်။ ဘရိုက်တန်အသင်းကလည်း နိုင်ပွဲဝေးနေတာ တော်တော်ကြာပြီ။ အသင်း လိုက် ခြေစွမ်းပိုင်းက နှစ်သင်းစလုံး ဆွဲဆောင်မှု ရှိပေမယ့် လက်ရှိ အခြေအနေအရတော့ ကစားသမား ပြန်စုံလာတဲ့ ဘရိုက်တန်ကို ပိုကြိုက်တယ်။ အဝေးကွင်းဆိုပေမယ့် ဘရိုက် တန် နိုင်ပွဲယူနိုင်မယ်ထင်တယ်။ 

စပါး - အာဆင်နယ် (တနင်္ဂနွေည ရး၃၀ နာရီ)

စပါးအသင်းရော၊ အာဆင်နယ်အသင်းအတွက်ပါ အရမ်းအရေးပါတဲ့ ပွဲတစ်ပွဲဖြစ်တယ်။ ပရီးမီးယားလိဂ်က လာမယ့် ရာ သီ ချန်ပီယံလိဂ် အပိုဝင်ခွင့်တစ်နေရာရဖို့ မျှော်လင့်ချက်မရှိတော့တဲ့ အခြေအနေမှာ အဆင့် ၄ နေရာအတွက် စပါး အသည်း အသန် ကစားရတော့မှာဖြစ်ပြီး လက်ရှိအခြေအနေအရ အက်စတွန်ဗီလာက တော်တော်လေးအားကောင်းသွားတယ်။ စပါး  က ပွဲပိုနှစ်ပွဲကို နိုင်မှ အမှတ်မီမှာဖြစ်သလို၊ အခြားပွဲစဉ်တွေမှာလည်း ချန်ပီယံလောင်းအသင်းတွေ အကုန်လုံးပါနေတယ်။ အာဆင်နယ်ကလည်း အမှတ်ပေးချန်ပီယံဆုအတွက် အမှားမခံတဲ့ ခြေလှမ်းကို လှမ်းနေရပြီး ဗီလာကို ရှုံးခဲ့ပြီးနောက် ဝုလ်ဗ်နဲ့ ချယ်လ်ဆီးတို့ကို ဆက်တိုက်အနိုင်ပြန်ကစားခဲ့တယ်။ လက်ရှိ အချိန်မှာ အာဆင်နယ်သာတာ ငြင်းလို့မရပေမယ့် စပါးအိမ်ကွင်း မှာ လျှော့မတွက်သင့်ဘူး။ သရေကျသွားနိုင်တယ်။ 

နော်တင်ဟမ် - မန်စီးတီး (တနင်္ဂနွေည ၁၀း၀၀ နာရီ)

မန်စီးတီးကတော့ ဒီပွဲပြီးရင်လည်း ခြေကျနေတဲ့ ဝုလ်ဗ်နဲ့ ဆက်ကစားရမှာဖြစ်ပြီး ပြီး ရင် ဖူလ်ဟမ်၊ စပါး စတဲ့ ပွဲတွေကို ကစားရမယ်။ နော်တင်ဟမ်အသင်းက တန်းမဆင်းရဖု့ိ အတွက် အစွမ်းကုန်ရုန်းကန်မှာဖြစ်ပြီး နော်တင်ဟမ်ရဲ့တန်ပြန်တိုက်စစ်ကစားဟန်က မန်စီးတီးကို အတိုင်းအတာတစ်ခုအထိ အခက်တွေ့စေလိမ့်မယ်။ ဒါပေမဲ့ မန်စီးတီးပဲ အဝေးကွင်းမှာ နိုင်ပွဲယူသွားမှာပါ။ 

 

Most Read

Most Recent