ပိုချက်တီနို ဆက်ရှိရန် ချယ်လ်ဆီးကစားသမားအများစု အလိုရှိနေ

ပိုချက်တီနို ဆက်ရှိရန် ချယ်လ်ဆီးကစားသမားအများစု အလိုရှိနေ
Photo: CFC
Photo: CFC
Published 26 April 2024

ချယ်လ်ဆီးအသင်းမှ ကစားသမားအများစုသည် နည်းပြ ပိုချက်တီနို ရာထူးတွင် ဆက်ရှိရန် အလိုရှိနေကြကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် အကြီးစား ပြင်ဆင်အားဖြည့်မှုများ ပြုလုပ်ခဲ့သော်လည်း ရလဒ်များ ကောင်းမွန်ခြင်းမရှိသည့်အတွက် နည်းပြ ပိုချက်တီနိုကို ရာထူးမှထုတ်ပယ်ရန် တောင်းဆိုမှုများ ရှိနေသည်။

သို့သော် ချယ်လ်ဆီးအသင်း၏ ကစားသမားအများစုကမူ ပိုချက်တီနိုကို ထောက်ခံနေကြသည့်အတွက် ချယ်လ်ဆီးအသင်း တာဝန်ရှိသူများအနေဖြင့် အခက်တွေ့နေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ပိုချက်တီနိုကို ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။