ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပထမပိုင်းစွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် အက်စတွန်ဗီလာ၊ ဒုတိယပိုင်းစွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် လီဗာပူးလ် ရပ်တည်နေ

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပထမပိုင်းစွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် အက်စတွန်ဗီလာ၊ ဒုတိယပိုင်းစွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် လီဗာပူးလ် ရပ်တည်နေ
Photos: AFP & X
Photos: AFP & X
Published 6 March 2024

 

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပထမပိုင်းစွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် အက်စတွန်ဗီလာ အသင်းက ရပ်တည်နေပြီး ဒုတိယပိုင်းစွမ်းဆောင်ရည်အကောင်းဆုံးအဖြစ် လီဗာပူးလ်အသင်းက ရပ်တည်နေကြောင်း သိရသည်။ 

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသော လီဗာပူးလ်အသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းကို နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ယခုကဲ့သို့ နှိုင်းယှဉ်ဖော်ပြမှုများ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် ဒုတိယပိုင်း၌ စွမ်းဆောင်ရည်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ဒုတိယပိုင်းရလဒ်သက်သက်ကို တွက်ချက်မည်ဆိုပါက (၆၄)မှတ် ရရှိကာ ပြိုင်ပွဲကို ဦးဆောင်နိုင်မည်ဖြစ်သည်။ ဒုတိယပိုင်းစွမ်းဆောင်ရည်တွင် လီဗာပူးလ်အသင်း၏နောက်၌ အာဆင်နယ်အသင်းက (၅၅)မှတ် ဖြင့် ရပ်တည်နေပြီး တတိယနေရာတွင် စပါးအသင်းက (၅၂)မှတ်၊ စတုတ္ထနေရာတွင် မန်စီးတီးအသင်းက (၅၁)မှတ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။

ပထမပိုင်းစွမ်းဆောင်ရည်တွင် အက်စတွန်ဗီလာအသင်းက (၄၇)မှတ်ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး မန်စီးတီးအသင်းက (၄၆)မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ အာဆင်နယ်အသင်းက (၄၂)မှတ်ဖြင့် တတိယနေရာ၊ လီဗာပူးလ်အသင်း က (၄၁)မှတ်ဖြင့် စတုတ္ထနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ဒုတိယပိုင်းစွမ်းဆောင်ရည်အရဆိုပါက ချယ်လ်ဆီးအသင်းသည် တန်းဆင်းဇုန်အတွင်း ရောက်နေမည်ဖြစ်သည်။

Most Read

Most Recent